ဥကရစ်ကတိုက်ပွဲအပြီးတစ်လကျော်အကြာထိုဒေသမှာမငြိမ်သပ်သေးပဲတိုက်ပွဲတွေနေ့စဉ်ဆိုသလိုဖြစ်ပွားနေတယ်။စခန်းကိုမရလိုက်ပေမယ့်ဥကရစ်ထစစ်ကောင်စီစခန်းတည်ရှိရာမြဝတီဝေါလေလမ်းကိုKNUကထိန်းချုပ်ထားလို့စစ်ကောင်စီကထိုလမ်းကြောင်းကိုပြန်ရဖို့ကြိုးစားနေတာပါ။စစ်တပ်ကနေ့စဉ်နီးပါးစစ်အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးတယ်။KNUဘက်ကထိုလမ်းပေါ်ကသုံးထပ်ကွေ့မှာအထိုင်ချပြီးအပြင်းအထန်ခုခံနေလို့ထိုးသမျှစစ်ကြောင်းတိုင်းလိုရာမရောက်ပဲစစ်တပ်ဘက်ကအကျအဆုံးများစွာနဲ့ပြန်လည်ဆုတ်ခွာနေရတယ်။ဇူလိုင်လအတွင်းထိုဒေသကတိုက်ပွဲတွေမှာစစ်သူပုန်နှစ်ရာကျော်သေဆုံးသွားတယ်လို့သိရတယ်။ဒါကြောင့်အခုရက်ပိုင်းစစ်တပ်ဖက်ကဗျူဟာပြောင်းပြီးနှစ်ဖက်ညှပ်တိုက်ဖို့ပြင်ဆင်နေတယ်။
စစ်တပ်ဖက်ကအောက်ခြေစစ်သားတွေသေချင်သလိုသေဂရုမစိုက်ပဲလူအင်အားလက်နက်အင်အားအလုံးအရင်းသုံးပြီးတိုက်ခိုက်နိုင်ပေမယ့်တိုက်ပွဲကာလတစ်လကျော်ကြာလာချိန်မှာတော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာတော့လူအင်အားလက်နက်အင်အားအကန့်အသတ်တွေရှိလာတယ်။စစ်တပ်ဖက်ကထိုဒေသကိုထိန်းချုပ်နိုင်ဖို့မရမကကြိုးစားမှာမို့အချိန်ကြာလာတာနဲ့အမျှKNUဘက်ထိန်းထားနိုင်ဖို့မလွယ်လောက်ဘူးထင်တယ်။