ရှမ်းပြည်နယ်မှာရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်SSPPနဲ့စစ်တပ်တို့စစ်ရေးတင်းမာလျက်ရှိတယ်။ရှမ်းပြည်နယ်အလည်ပိုင်းကSSPPတပ်စခန်းသုံးခုကိုစစ်တပ်ကရွှေ့ခိုင်းပေမယ့်SSPPကမရွှေ့ပေးနိုင်ကြောင်းအကြောင်းပြန်လိုက်တာကြောင့်စစ်တပ်ကထိုဒေသမှာစစ်အင်အားတိုးချဲ့နေတယ်။SSPPဘက်ကလဲသူတို့မဟာမိတ် ဝ တပ်ဖွဲ့ဝင်တွေအပါအဝင်စစ်ရေးအရပြင်ဆင်လျက်ရှိတယ်။
ရှမ်းပြည်နယ်ဟာနယ်မြေကျယ်ပေမယ့်အခုကာလမှာပြည်နယ်မြောက်ပိုင်းကလွဲရင်တိုက်ပွဲတွေမရှိသလောက်ပဲ။အခုစစ်ရေးတင်းမာမှုကပေါက်ကွဲထွက်လာရင်စစ်ကောင်စီကိုပိုမိုအကျပ်ရိုက်စေလိမ့်မယ်။ရခိုင်ပြည်နယ်မှာလဲထိုနည်းတူစစ်တပ်နဲ့အေအေတို့စစ်ရေးတင်းမာလျက်ရှိတယ်။အခုလောလောဆယ်ငြိမ်သက်နေတဲ့ထိုပြည်နယ်နှစ်ခုမှာစစ်မျက်နှာသစ်တွေဖွင့်နိုင်ရင်တော်လှန်ရေးအတွက်ကြီးမားတဲ့အထောက်အပံဖြစ်စေလိမ့်မယ်။