Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ကြိုးပေးကွပ်မျက်မှုကြောင့် သေဒဏ်အမိန့်ချခံထားရသူတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်နေ

August 6, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ လတ်တလော အကျဉ်းထောင်ထဲမှာ သေဒဏ်အမိန့်ချခံထားရသူ စုစုပေါင်း ၇၇ ဦးရှိနေပြီး စစ်ကောင်စီက ဦးဂျင်မီတို့ လေးဦးကို လက်တွေ့ ကွပ်မျက်လိုက်တာကြောင့် ကျန်သူ အားလုံးရဲ့ မိသားစုဝင်တွေလည်း စိုးရိမ်ထိတ်လန့်နေပါတယ်။

PDF တွေကို ကူညီတယ်လို့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံထားရတဲ့ အသက် ၅၆ နှစ်အရွယ် စစ်သားတစ်ဦးရဲ့ သမီးဖြစ်သူက ဖခင်တစ်ယောက်လုံး အသက်ရှင်ရာကနေ ရုတ်တရက် သေဆုံးသွားမယ်ဆိုတာမျိုးကို ဘယ်လိုမှ မခံစားနိုင်ဘူးလို့ RFA ကို ပြောပါတယ်။

“မိသားစုဝင်အနေနဲ့ဆိုရင်တော့ ကိုယ့်အဖေတစ်ယောက်လုံး အရှင်လတ်လတ်ကြီး ကနေ သေသွားမယ်ဆိုတာမျိုးကို တော့ ဘယ်လိုမှ မခံစားနိုင်ဘူး။ ဘယ်လိုမှလည်း လက်မခံနိုင်ဘူး ညီမပြောတာက။ သေဒဏ်ကျတယ်။ ညီမ ဖြစ်စေချင်တာက သေဒဏ်ကျတယ်ဆိုတဲ့အမိန့်၊ သူပေါ် တင်လုပ်ခဲ့တာလား။ လုပ်ခဲ့တာဆိုရင်လည်း ပြောရမယ်။ သူလည်း ပါဝင်ပတ်သက်မှု မရှိဘူး။ ပတ်သက်မယ်လို့ လုပ်နေတယ်ဆိုတဲ့ အချိန်အတိုင်းအတာတစ်ခုမှာ သေဒဏ်လို့ ပေးလိုက်တဲ့အခါကျတော့ ဒါလုံးဝကို ညီမအတွက်ကတော့ မမျှတဘူး”

သူ့ဖခင်ကို လက်တွေ့ကျူးလွန်တဲ့ ပြစ်မှုတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီက ဖမ်းဆီးခဲ့ တာဖြစ်ပြီး နားလည်တတ်ကျွမ်းတဲ့ ရှေ့နေတွေနဲ့ ဥပဒေအရ ခုခံကာကွယ်ခွင့်မရဘဲ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

တကယ်ဆိုရင် သူ့ဖခင်ဟာ တပ်မတော်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့်စစ်သည်တစ်ဦး ဖြစ်တာကြောင့် အသက်ရှင်သန်ခွင့်ကို အပြီးတိုင် အဆုံးသတ်စေတဲ့ သေဒဏ်မျိုး မဟုတ်ဘဲ ထောင်တစ်သက် ပြစ်ဒဏ်မျိုးဆိုရင်တောင် ဖြေဆည်နိုင်သေးတယ် လို့လည်း သူက ဆက်ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း ၁၉၇၄ ဦးသန့်အရေးအခင်းနဲ့ ၁၉၇၆ မှိုင်း ရာပြည့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၊ ဗိုလ်မှူးချုပ်ကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး အုန်းကျော်မြင့်နဲ့ ၁၉၈၃ အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှု ကျူးလွန်တဲ့ မြောက်ကိုရီးယားနိုင်ငံသား ဇင်ဘိုတို့ သေဒဏ်ကျပြီးနောက် ကွပ်မျက်ခံ ခဲ့ရပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကနေ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင် နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ သေဒဏ်အမိန့်ချခံရသူတွေ ရှိပေမယ့် လက်တွေ့ကွပ်မျက် တာမျိုး မလုပ်ခဲ့ပါဘူး။

အခု ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးတက်လာတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လက်ထက်ကျမှ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ခေါ် ဦးကျော်မင်းယု အပါအဝင် လေးဦးကို ကြိုးပေးကွပ်မျက်လိုက်တာပါ။

တည်ဆဲဥပဒေအရ သေဒဏ်ကို လက်တွေ့ စီရင်မယ်ဆိုရင် ပြည်သူက တိုက်ရိုက်ရွေးချယ် တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အကြီးအကဲမှာသာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးတက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ နိုင်ငံတော် အကြီးအကဲအဖြစ် ယူဆပြီး သေဒဏ်ကို လက်တွေ့စီရင်နေတာ တွေ့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

“အခုလည်း ဒီနေ့က သူတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းတာ မဟုတ် ဘူး။ ရပ်ဆိုင်းထားတယ်ပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အောက်မှာ သူတို့ဆောင်ရွက်နေတယ် ဆိုတဲ့ သဘောမျိုးလို့ ကြေညာထားတဲ့အတွက် သူတို့ကလည်း အကြီးအကဲ ဖြစ်တယ် ပေါ့နော်။ ဒါနိုင်ငံတော်ရဲ့ အကြီးအကဲတာဝန် ယူထားရသူ ဖြစ်တယ်ပေါ့။ ဖြစ်တဲ့ အတွက် သူတို့မှာလည်း ကြိုးပေးနိုင်တယ်ဆိုတဲ့အယူအဆနဲ့ သူတို့အပိုင်းမှာ အဲဒီလို ကောက်ယူပုံတော့ တွေ့ရတာပဲလေနော်”

ကြိုးပေးကွပ်မျက်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေတဲ့ ကာလတွေမှာပဲ အသက်ဝင် တာကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ခဲ့တဲ့ နဝတ၊ နအဖ စစ်အစိုးရလက်ထက်မှာ သေဒဏ်ကို လက်တွေ့စီရင်ခဲ့တာမျိုး မရှိဘူး လို့လည်း ဥပဒေသမားတွေက ထောက်ပြ ကြပါတယ်။ အဲဒီအချိန်ဟာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို ကာလကြာရှည် ရေးဆွဲနေချိန် ဖြစ်ပါတယ်။

ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးကတော့ နိုင်ငံရေး၊ စစ်ရေးအရ အားပြိုင်နေတဲ့ အချိန်မှာ ပြိုင်ဘက်လို့ယူဆသူကို ကြိုးပေးကွပ်မျက်တာဟာ ဥပဒေကြောင်းအရထက် အာဃာတနဲ့ လက်စားချေတဲ့သဘောလို့ ထောက်ပြဝေဖန်ပါတယ်။

“နိုင်ငံရေးအားပြိုင်မှုကနေ စစ်ရေးအားပြိုင်မှုအထိ ရောက်လာခဲ့ပြီးတော့ အားပြိုင်မှု ပြင်းထန်နေတဲ့အချိန်မှာ ပြိုင်ဘက်အဖွဲ့အစည်းက နိုင်ငံရေးသမားတွေကို ကြိုးပေး ကွပ်မျက်လိုက်ခြင်းသည် ဥပဒေသဘောအရ၊ ဥပဒေကြောင်းအရ ဆောင်ရွက်တယ် ဆိုတာထက် လက်စားချေမှုသဘောကို ရောက်သွားတယ်။ တစ်ဖက်အဖွဲ့အစည်းတွေ ကိုလည်း ခြိမ်းခြောက်မှုသဘောမျိုး ရောက်သွားတဲ့အတွက်ကြောင့် အားနည်းမှုလို့ ကျနော် မြင်ပါတယ်”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဦးဂျင်မီ တို့ လေးဦးဟာ အကြမ်းဖက် မှု ကျူးလွန်သူတွေဖြစ်တဲ့အတွက် ဥပဒေအတိုင်း စီရင်တာ ဖြစ်တယ်၊ ဒီလူတွေဟာ သေ ဒဏ်အကြိမ်ကြိမ် ကျခံသင့်သူတွေဖြစ်တယ်လို့ သေဒဏ်စီရင်ပြီး ရက်အနည်းငယ်အကြာ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ထားပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကတော့ အတိုက်အခံတွေကို ဖမ်းဆီး၊ မတရားတဲ့ ဥပဒေတွေတပ်ပြီး သေဒဏ်စီရင်တာဟာ ထောင်တွင်းလူသတ်မှုသာ ဖြစ်တယ်လို့ ထောက်ပြဝေဖန်ပါတယ်။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကြောင့် နောက်ထပ် ထောင်ထဲကလူတွေကို တရားဝင်သတ်ဖြတ် ခွင့်ဆိုတဲ့ အစဥ်အလာကြီး ဖြစ်သွားမှာကို  စိုးရိမ်မိတယ်လို့ ဦးအောင်မျိုးမင်းက ပြော ပါတယ်။

“တစ်တိုင်းပြည်လုံးက ပြည်သူတွေကို ရန်သူလိုသတ်မှတ်ပြီး သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအတွက်ကတော့ ထောင်ထဲကလူတွေကို သေဒဏ်ပေးခြင်းက သိပ်ပြီးတော့ ထူးဆန်းတဲ့လုပ်ရပ်တော့ မဟုတ်ပါဘူး။ အားလုံးကို ရန်သူအဖြစ် မြင်နေ တာပါ။ အမှန်တော့ သေဒဏ်ပေးတာ မဟုတ်ပါဘူး။ မတရားတဲ့ ဥပဒေတွေ တပ်ပြီး ခိုင်လုံမှုမရှိတဲ့ အမှုတွေနဲ့ စီရင်ချက်ချတဲ့အရာဖြစ်တဲ့အတွက် ဒါကတော့ ထောင်တွင်းရဲ့ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း ဖြစ်တယ်။ ဒီဟာတစ်ခုသည် ဆက်လက်ပြီးတော့ သတ် ဖြတ်နေမယ်ဆိုရင် နောက်ထပ် ထောင်ထဲကလူတွေကို တရားဝင်သတ်ဖြတ်ခွင့်ဆိုတဲ့ အစဉ်အလာကြီးကို ဆက်လက်ပြီးတော့ တည်ဆောက်သွားမှာ စိုးရိမ်စရာဖြစ်ပါတယ်”

လတ်တလော အင်းစိန်ထောင်ထဲမှာ သားဖြစ်သူ သေဒဏ်အမိန့် ချမှတ်ခံထားရတဲ့ မိခင် တစ်ဦးကတော့ ဘယ်သူ့ကိုမှ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံစေချင်ဘူးလို့ RFA ကို ပြောပါတယ်။

“ရင်ထဲမှာတော့ မကောင်းဘူး။ ဘယ်လို ပြောပြရမှန်းလဲ မသိပါဘူး။ ပူပင်သောက ကတော့ ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးကြီး ဖြစ်မှာကို ကြောက်တာပေါ့လေ။ ဘယ်သူမှလည်း မဖြစ်စေချင်ဘူး။ မဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းပါတယ်။ ရင်ထဲမှာ တော့ ခံစားချက်ကတော့ ခံစားရတာပေါ့။ သူတို့အတွက် အလှူဒါနလည်း လုပ်ပေး တယ်။ ရဟန်းသံဃာတွေကိုလည်း ဆွမ်းလောင်းတယ်။ ဘုရားလည်း ဆုတောင်းတယ်။ ဒီလိုဆုတောင်းမှုတွေကတော့ နေ့တိုင်းဆုတောင်းတယ်။ ကိုယ့်သားသမီးတွေ မြန်မြန် လေးလွတ်ပါစေလို့ ဆုတောင်းပါတယ်”

မြန်မာနိုင်ငံက ပြဿနာတွေ ဖြေရှင်းရေးအတွက် အထူးကိုယ်စားလှယ်လွှတ်ပြီး ကြားဝင် ဆောင်ရွက်နေတဲ့ အာဆီယံအဖွဲ့ရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင် ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အဖမ်းခံထားရတဲ့ အကျဉ်းသားတွေကို ထပ်မံကွပ်မျက်နေမယ်ဆိုရင် စစ်ကောင်စီနဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည်သုံးသပ်ရမယ်လို့ မနေ့ကစလို့ ဖနွမ်းပင်မှာ ပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ပြောသွားပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်နေတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီရဲ့  လက်တွေ့အကောင်အထည်ဖော်မှုဟာ  တိုးတက်မှု မရှိဘူးဆိုရင် မြန်မာအာဏာပိုင်တွေနဲ့ နောက်ထပ်ဆွေးနွေးမှုဟာလည်း အကျိုးရှိမှာမဟုတ်ဘူးလို့ ဩဂုတ် ၃ ရက် မနေ့က လူသိရှင်ကြား ထုတ်ပြောထားပါတယ်။

Source-RFA

 

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English