ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတွေ ပိုမို တင်းကျပ်လာပြီး စစ်တပ်နဲ့ ရဲတွေဟာ စစ်ကားတွေနဲ့ နေ့ရောညပါ အချိန်ပြည့်နီးပါး ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင်လေးဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်မှုအပေါ် ပြည်သူ တွေကြားမှာပြစ်တင်ပြောဆိုမှုတွေမြင့်တက်လာပြီးနောက်စစ်ကောင်စီကလုံခြုံရေးကိုပိုမိုတင်းကျပ်လာတာဖြစ်တယ်။ စစ်စိမ်းရောင် Double Cab ကားပေါ်က စစ်ဝတ်စုံအပြည့်နဲ့ စစ်သားတွေက Ready Position နဲ့ ကိုင်ပြီး ထိုင်ပြီးလိုက်လာတာမျိုးတွေ၊တစ်ယောက်ကကားအမိုးပေါ်မှာသေနတ်ကိုခွဒေါက်နဲ့တင်ပြီးကားရှေ့ဘက်ကိုပစ်တော့မယ့်ပုံစံမျိုးနဲ့ချိန်ရွယ်ပြီးသွားလာနေတာကိုတွေ့တယ်။အဲဒါတွေအရင်အတည်းကမြင်နေကျဆိုပေမယ့်စိတ်ထဲမှာမလုံခြုံဘူးလို့ခံစားရတယ်။ဟိုရက်တွေကဆိုစမ်းချောင်းဘက်မှာလူငယ်တယောက်ကိုသေနတ်နဲ့ပစ်ခတ်ဖမ်းဆီးပြီးစစ်ကားပေါ်တင်သွားတယ်။
ရန်ကုန်မြို့က မြေအောက်တော်လှန်ရေး အင်အားစုတွေနဲ့ သပိတ်အင်အားစုတွေကလည်း စစ်ကောင်စီကို ရတဲ့နည်းနဲ့ပြန်တော်လှန်မယ်လို့ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။အင်းစိန်ထောင်တစ်ခုထဲတင်ဒီရက်ပိုင်းနှစ်ခါတိုက်ခိုက်ခံရလို့စစ်သူပုန်တွေထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်။အင်းစိန်ထောင်ထဲမှာလဲကြိုးပေးပြီးနောက်မငြိမ်မသက်မှုတွေရှိလာပြီးစစ်တပ်ကပစ်ခတ်နှိမ်နှင်းလို့အကျဉ်းသားတစ်ချို့သေဆုံးမှုတွေရှိတယ်လို့သိရတယ်။
ဒီရက်ပိုင်းရန်ကုန်မှာနေရတာ ကျီးလန့်စာစားတွေဖြစ်နေတယ်။