ရန်ကုန်ကကိုဂျင်မီနဲ့ကိုဇေယျာသော်တို့မိသားစုတွေနေထိုင်တဲ့နေအိမ်တွေရှေ့ကိုမနေ့ကလူတစုရောက်လာပြီးအော်ဟစ်ဆဲဆိုကာခဲတွေနဲ့ပစ်ပေါက်ကြတယ်။နာရေးဖြစ်နေတဲ့အိမ်ကိုအခုလိုလုပ်တာဟာအတော်ရိုင်းစိုင်းပြီးလူမဆန်တဲ့အပြုအမူပဲ။ဒီလုပ်ရပ်ကိုစစ်ကောင်စီကလူမိုက်တွေငှားပြီးပြုလုပ်ခိုင်းတာအသေအချာပဲ။အရင်ကလဲဒီလိုလုပ်ရပ်မျိုးကိုသူတို့ပဲကျူးလွန်နေကြလေ။
ဒီနေ့မှာလဲရန်ကုန်မြို့တော်ခန်းမရှေ့မှာစစ်တပ်ထောက်ခံတယ်လို့အမည်ခံတဲ့လူအုပ်ကြီးကသေဒဏ်ပေးတာကိုထောက်ခံပွဲပြုလုပ်ကြတယ်။ထိုထောက်ခံပွဲကိုစစ်တပ်ကလုံခြုံရေးယူပေးတယ်။သေဒဏ်ပေးတာထောက်ခံတယ်ဆိုတာမျိုးအရင်ကတစ်ခါမှမကြာဖူးဘူး။စစ်ကောင်စီဟာဟိုးအရင်သုံးနေကျနည်းလမ်းဟောင်းတွေကိုပဲပြန်သုံးနေတယ်။ဒါပေမယ့်လျော့တွက်လို့မရဘူး။ထိုအမည်ခံထောက်ခံပွဲတွေပြုလုပ်ပြီးထောင်ထဲမှာကျန်နေသေးတဲ့သေမိန့်ကျနိုင်ငံရေးအကျဉ်းသားလေးဆယ်ခန့်ကိုဆက်လက်စီရင်ဖို့ပြင်ဆင်နေတယ်။ထိရောက်တဲ့တုန့်ပြန်မှုတစ်စုံတရာကိုအချိန်မီမလုပ်ရင်တော့ကျန်တဲ့သူတွေလဲဆက်လက်စီရင်ခံရမှာအသေအချာပဲ။