NUG CRPH NLD KNU KNPP CNF ABSDF စတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေရောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါပေါင်းပြီးစစ်ကောင်စီကိုအမြစ်ဖြတ်တိုက်ခိုက်သွားမယ်လို့စုပေါင်းကြေငြာလိုက်ပြီ။ဒါဟာဒီတော်လှန်ရေးအတွက်တိုက်ပွဲခရာတွပ်သံလို့ကြေငြာချက်ထဲမှာထည့်သွင်းသွားတယ်။ကိုဂျင်မီနဲ့ကိုဇေယျာသော်တို့ကိုစစ်ကောင်စီကသေဒဏ်စီရင်ပြီးနောက်ပိုင်းပြည်တွင်းအဖွဲ့အစည်းတွေရဲ့အပြင်းထန်ဆုံးတိုက်ပွဲခေါ်သံပဲ။ဒီနေရာမှာNLDပါတီပါဝင်လာတာဟာထူးခြားမှုတစ်ခုပဲ။NLDဟာပုံမှန်အားဖြင့်အကြမ်းမဖက်ရေးလမ်းစဉ်ကိုသာတောက်လျောက်ကိုင်စွဲလာခဲ့တယ်။အခုလက်နက်ကိုင်တော်လှန်ရေးပြင်းထန်လာချိန်မှာလဲပါတီခေါင်းဆောင်တွေထောင်ထဲရောက်နေတာကိုအကြောင်းပြပြီးသူတို့ရဲ့လက်ရှိတော်လှန်ရေးမူဝါဒကိုတိတိကျကျမထုတ်ပြန်ခဲ့ဘူး။NUCCထဲကတောင်မှထွက်သွားသေးတယ်။အခုဒီကြေငြာချက်ထဲမှာပါလာတယ်ဆိုတော့လက်နက်ကိုင်တော်လှန်ရေးကိုလက်ခံလိုက်ပြီးဆိုတဲ့သဘောပေါ့။
နိုင်ငံတကာဖက်ကတုံပြန်မှုတွေကတော့ထူးမခြားနားပါပဲ။မလေးရှားကတော့အာဆီယံဘုံသဘောတူညီမှုငါးချက်အတွက်အချိန်သတ်မှတ်ဖို့ပြောတယ်။ဒါပေမယ့်ဒါဟာဖြစ်မလာသေးဘူး။ဖြစ်လာခဲ့ရင်လဲတိုးတက်မှုလို့မပြောနိုင်ဘူး။သူတို့ကိုအားကိုးလို့မရတဲ့အတွက်ကိုယ်ဘာသာကိုယ်လုပ်စရာရှိတာလုပ်မှရမယ်။