စစ်ကိုင်းတိုင်းထဲကတချို့စိုးမိုးနယ်မြေတွေမှာပြည်သူ့အုပ်ချုပ်ရေးနဲ့ကာကွယ်ရေးအဖွဲ့တွေပေါင်းပြီးအခွန်တွေကောက်နေပြီ။အခွန်ဖြတ်ပိုင်းပုံစံတွေကိုလဲNUGကထုတ်ပြန်ပေးထားတယ်။အရင်ထဲကထိုဒေသတွေမှာကာကွယ်ရေးအဖွဲ့တွေကလမ်းပိုင်းတွေကိုပုံမှန်စစ်ဆေးလေ့ရှိတယ်။အခုတော့နောက်တဆင့်တက်လာပြီပေါ့။တကယ်သာဖိဖိစီးစီးကောက်နိုင်မယ်ဆိုရင်တော်လှန်ရေးအတွက်အများကြီးအထောက်အပံ့ဖြစ်နိုင်တယ်။
ကယားပြည်နယ်မှာလဲစစ်ကောင်စီကနေပြည်တော်နဲ့နီးတဲ့မိုးဗြဲမြို့ကိုအပြည့်အဝထိန်းချုပ်ဖို့စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်။မြို့ပေါ်ရပ်ကွက်တွေထိပါလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေလို့မြို့ခံတွေထွက်ပြေးနေရတယ်။KNDFဖက်ကပြန်တိုက်ထုတ်လိုက်လို့ပထမအကြိမ်မှာပြန်လည်ဆုတ်ခွာသွားပေမယ့်အခုဒုတိယအကြိမ်အင်အားလေးရာခန့်သံချပ်ကာကားတွေအပါအဝင်နဲ့ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားလာတယ်။
မိုးဗြဲမြို့ဟာကယားပြည်နယ်အဝင်ဝမှာရှိပြီးသူ့ကိုစစ်တပ်ကထိန်းချုပ်နိုင်ရင်တစ်ပြည်နယ်လုံးကိုလက်နက်ရိက္ခာတွေကပို့ဖို့လွယ်ကူသွားမှာမို့တိုက်ခိုက်နေတာဖြစ်တယ်။တဖက်ကတွေးကြည့်ရင်တော့မိုးဗြဲမြို့ကိုတောင်စစ်ကောင်စီကအခုထိအပြည့်အဝမထိန်းချုပ်နိုင်သေးဘူးဆိုရင်ပြည်နယ်ထဲကကျန်တဲ့ဒေသတွေဟာတော်လှန်ရေးအဖွဲ့တွေလက်အောက်မှာရှိနေတာအသေအချာပဲ။