မနက်ပိုင်းရုံးသွားဖို့အိမ်ကထွက်တော့မိုးတွေကသဲသဲမဲမဲရွာနေတယ်။ကားမှတ်တိုင်ရောက်တော့အရင်သုံးမိနစ်တစ်စီးလောက်လာနေကြYBSကားတွေတစ်စီးမှမတွေ့ဘူး။စိတ်ထဲထင်မိတာကမိုးတွေသဲနေလို့ကားကြောတွေပြတ်နေတယ်ပေါ့။ရောက်လာတဲ့လိုင်းကားတွေကလဲကြပ်ညပ်နေတာပဲ။အဆင်ပြေတဲ့ကားတစ်စီးပေါ်အဆင်ပြေသလိုသာလိုက်သွားလိုက်တယ်။ရုံးရောက်မှသိရတာကYBSလိုင်းကားတွေဂတ်မရလို့မထွက်နိုင်ဘူးတဲ့။ညနေအပြန်တော့ဒုက္ခရောက်ပီပဲ။ရုံးဆင်းချိန်အိမ်အပြန်မှာထင်တဲ့အတိုင်းလိုင်းကားတွေတစ်စီးမှရောက်မလာဘူး။ကားမှတ်တိုင်မှာလဲကားစောင့်နေတဲ့လူအုပ်ကြီးကနည်းတာမဟုတ်ဘူး။နာရီဝက်ကျော်ကြာစောင့်တဲ့အထိအရိပ်အယောင်တောင်မတွေ့ရတဲ့အတွက်တက္ကစီပဲငှားပြန်လိုက်တော့တယ်။ဒါတောင်တက္ကစီကလွယ်လွယ်ငှားမရတဲ့အတွက်အိမ်ပြန်နောက်ကျသေးတယ်။
ဒီနေ့ညနေရန်ကုန်မှာရုံးဆင်းတဲ့ဝန်ထမ်းတွေတော်တော်ဒုက္ခရောက်ကြတယ်။ခါတိုင်းရုံးဆင်းချိန်မှာပျားပန်းခတ်မျှပို့ဆောင်နေတဲ့တွေအကုန်ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်တယ်။လာတဲ့YBSကားတွေကလဲလူအပြည့်မို့တက်မရဘူး။ကားမှတ်တိုင်ကလူအုပ်ကြီးကဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ဝန်ထမ်းတိုင်းလဲတက္ကစီငှားမပြန်နိုင်ကြဘူးလေ။တချို့တွေဆိုကားစောင့်ရင်းမိုးချုပ်ကုန်ကြတယ်။ညနေစောင်းမှာတော့လူမှုကူညီရေးအသင်တွေကကားတွေထွက်လာကြပြီးကူညီကြလို့တော်တော်များများအဆင်ပြေသွားကြတယ်။ဒီပြဿနာဟာတပတ်လောက်ကြာဦးမယ်လို့လဲကြားတယ်။ဒီတပတ်အတွင်းဝန်ထမ်းတွေဘယ်လိုရုံးသွားရမှာလဲ။ပြီးခဲ့တဲ့ရက်တွေကမီးဖိုချောင်သုံးဂတ်တွေပျက်တောက်ပြီးနောက်အခုမော်တော်ယာဉ်သုံးဂတ်တွေပါပြတ်တောက်လာပြီ။အခြေအနေတွေဟာတစ်နေ့တခြားပိုမိုဆိုးရွားလာနေတယ်။