ဒေါ်လာဈေးမြင့်တက်မှုရဲ့နောက်ဆက်တွဲဂယက်တွေကတော့ဆက်တိုက်ပါပဲ။အခုဆိုလူနေမှုအတွက်မရှိမဖြစ်တဲ့ဆေးဝါးတွေပါပြတ်လတ်လာပြီ။ဆေးကုမ္မဏီကြီးတွေကဒေါ်လာရှာမရတာကြောင့်ဆေးတင်သွင်းမှုတွေရပ်နားလိုက်ကြတယ်။ဆေးဆိုင်တွေမှာခွဲတမ်းနဲ့ရောင်းနေရတဲ့အခြေအနေတွေဖြစ်လာပြီးဈေးတွေတက်လာတယ်။မနှစ်ကဒီလိုအချိန်ပဲကိုဗစ်ဖြစ်လို့ဆေးဝါးတွေဝယ်မရတာကိုသတိရမိတယ်။အဲ့ဒီတုန်းကစစ်ကောင်စီအသုံးမကျလို့ဖြစ်ပြီးအခုလဲစစ်ကောင်စီကတလွဲတွေချည်းလုပ်နေလို့ဒီလိုဖြစ်လာရတာပဲ။ပြည်တွင်းမှာသုံးစွဲနေရတဲ့ဆေးဝါးတွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းကပြည်ပကတင်သွင်းရတာမို့အခြေအနေတွေဟာပိုမိုဆိုးရွားလာဖို့ပဲရှိမယ်။ နယ်စပ်ကုန်သွယ်ရေးတွေလဲရပ်ဆိုင်းကုန်ပြီ။ထိုင်းနယ်စပ်မှာလဲဘတ်ငွေဈေးတအားတက်နေတာကြောင့်ကုန်သည်တွေဘာမှမလုပ်ရဲပဲရပ်ထားရတယ်။တရုတ်နယ်စပ်မှာလဲထိုနည်းလည်းကောင်းပဲ။ဒီနေ့ဆိုဒေါ်လာဈေးဟာ၂၅၀၀ဝန်းကျင်ရှိနေပြီးမနှစ်ကရောက်ရှိခဲ့တဲ့စံချိန်တင်အမြင့်ဆုံးဈေး၂၇၀၀ရောက်ဖို့အနည်းငယ်သာလိုတော့တယ်။ နိုင်ငံဟာ Fail State အဆင့်ကိုဦးတည်နေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


