Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီက နိုင်ငံခြားသားနှင့် မြန်မာဖက်စပ်ကုမ္ပဏီများ ၁ ဒေါ်လာလျှင် ကျပ် ၁,၈၅၀ ဖြင့်လဲလှယ်ရမည်ဟု ညွှန်ကြားထားပြီး လိုက်နာခြင်းမရှိပါက အရေးယူမည် ဟုဆို

July 23, 2022
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

လက်ရှိပြင်ပတွင် အမေရိကန်ဒေါ်လာဈေး ငွေကျပ် ၂,၃၀၀ နီးပါးရှိနေသော်လည်း နိုင်ငံခြားသားနှင့် မြန်မာဖက်စပ် ကုမ္ပဏီများ၏ နိုင်ငံခြားငွေများကို တစ်ဒေါ်လာလျှင် ၁,၈၅၀ကျပ် ဖြင့်သာ ငွေလဲလှယ်ရန် စစ်ကောင်စီက ညွှန်ကြားထားပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဟုဆိုထားသည်။

စစ်ကောင်စီသည် နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းမှ နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ၃၂ / ၂၀၂၂ အစည်းအဝေးက ဆုံးဖြတ်ကြောင်း ဇူလိုင် ၁၅ ရက်ပါနေ့စွဲဖြင့် ညွှန်ကြားချက် စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ညွှန်ကြားချက်အရ ကုမ္ပဏီများ၏ နိုင်ငံခြားငွေ စာရင်းများအားလုံးကို ဇူလိုင်လ ၁၈ ရက်နေ့ နောက်ဆုံးထား မြန်မာငွေလဲလှယ်ရန်နှင့် ညွှန်ကြားချက်အား မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။

ပြည်တွင်းရှိကုမ္ပဏီများ၏ ဒေါ်လာများအား အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်မှုနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ယခုလို သုံးသပ်ပြောဆိုထားသည်။

” ပြည်တွင်းကလုပ်ငန်းတွေ၊ စက်ရုံအများစုတွေဟာ နိုင်ငံခြားသားနဲ့စပ်တူများတယ်။ စစ်ကောင်စီအနေနဲ့ ပြည်ပကဝင်လာတဲ့ နိုင်ငံခြားငွေကို သူတို့သတ်မှတ်တဲ့ ၁,၈၅၀ နဲ့ပြန်လဲပေးပြီး ပြည်ပကိုပြန်လည်ပေးချေရတဲ့အခါ ဒီနှုန်းထားနဲ့ပေးချေလို့မရဘူး။ အရမ်းအခက်တွေ့နေကြတယ်။ လက်ရှိအပြင်မှာက သူတို့ပြောတဲ့ ၁,၈၅၀ နဲ့ ဘယ်သူမှ အရောင်းအဝယ်မလုပ်ကြဘူး။ ဒီလိုလုပ်နေတာတွေဟာ ဒေါ်လာဈေးနှုန်းပြန်မြင့် တက်ပြီး ကုမ္ပဏီတွေရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ ငွေကြေးစီးဆင်းမှုကိုလည်း တိုက်ရိုက် ရိုက်ခတ်မှုရှိနိုင်တာကြောင့် ကုမ္ပဏီတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ပိုမိုကြုံတွေ့ရနိုင်တယ်” ဟု အဆိုပါလုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနှင့် အထက်ရှိသည့် ကုမ္ပဏီများအား နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားခြင်းကို စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်တွင် ပယ်ဖျက်ခဲ့သည်။

ထို့အပြင် ပြည်တွင်းနေပြည်သူများ၏ ပြည်ပချေးငွေများအား လတ်တလောပြန်လည် ပေးဆပ်ခြင်းမပြုဘဲ ဆိုင်းငံ့ထားရမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

Source – Mizzima

Related Posts

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)
သတင်း

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)

December 4, 2023

အမျိုးသားညီညွတ်ရေးအစိုးရ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ဝေလူးကျေးရွာ၊ ရွာအလယ်ကို အကြမ်းဖက်စစ်တပ်က...

သတင်း

ရခိုင်တောင်ပိုင်းတွင် ၃ ရက်အတွင်း လူ ၅၀ ကျော် အဖမ်းခံရ

December 2, 2023

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီက သုံးရက်အတွင်း လူ ၅၀...

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို
သတင်း

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို

November 30, 2023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် အောက်တိုဘာလ ၁၉ ရက်နေ့...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist