တနိုင်ငံလုံးမှာရှိတဲ့အဝေးပြေးလမ်းမတွေပေါ်မှာစစ်တပ်ကလုံခြုံရေးကြောင်းပြပြီး စစ်ဆေး ရေး ဂိတ်တွေဖွင့်လှစ်ကာပြည်သူတွေဆီကငွေညစ်လျက်ရှိတယ်။ ကားသမား တွေဆီကတစ်စီးကို အနည်းဆုံး ငွေကျပ် ၅၀၀၀ခန့် တောင်း နေတယ်လို့အိမ်စီးကားတွေသာမကခရီးသည်တင်ကားနဲ့ကုန်ကားတွေပါ အခက်အခဲဖြစ်နေတယ်။
ဂိတ်တွေမှာပိုက်ဆံကိုလွယ်လွယ်ကူကူမပေးဘဲငြင်းမိတဲ့ကားတွေကိုလည်းလုံခြုံရေးအကြောင်းပြပြီးပိုမိုစစ်ဆေးခံရတယ်။ပိုက်ဆံကို တောင်းတဲ့အတိုင်း ထုတ်မပေးရင် ကားကို လမ်းဘေးချရပ် လူတွေ ဆင်းပါဆိုပြီး ကိုဗစ်ဆေးထိုးမှတ်တမ်းစာရွက်၊မှတ်ပုံတင်၊အိမ်ထောင်စုသန်းခေါင်စာရင်းစာရွက်၊ကားလိုင်စင်၊ယာဉ်မောင်းလိုင်စင်စတဲ့တွေကိုတစ်ခုချင်းစစ်တယ်၊ပိုက်ဆံထုတ်ပေးလိုက်ရင်တော့မစစ်ဆေးတော့ဘဲသွားခွင့်ပြုတယ်။
စစ်ခွေးတွေဥပဒေမဲ့တောင်းချင်တိုင်းတောင်းနေတာကြောင့်ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့လမ်းပန်းဆက်သွယ်ရေးမှာစားရိတ်တွေပိုတက်လာတယ်။ထိုစားရိတ်တွေကိုနောက်ဆုံးပြည်သူကပဲခံရတာပဲ။