စစ်ကောင်စီဟာပြည်တွင်းကဒေါ်လာတွေကိုထိန်းချုပ်နိုင်မယ့်အမိန့်တွေကိုတစ်ခုပြီးတစ်ခုထုတ်ပြန်နေတယ်။ပထမဆုံးဧပြီလမှာဒေါ်လာလဲလှယ်မှုကို၁၈၅၀ကျပ်နဲ့နှုန်းသေသတ်မှတ်လိုက်တယ်။ပြီးတော့ပြည်တွင်းကနိုင်ငံခြားငွေရရှိနေသူအားလုံးကိုဒေါ်လာကိုင်ဆောင်ခွင့်မပေးတော့ပဲတစ်ရက်အတွင်းဗဟိုဘဏ်ကိုအပ်ခိုင်းတယ်။သွင်းကုန်အတာ်များများကိုလဲလိုင်စင်ချမပေးတော့ဘူး။ပြည်တွင်းမှာတဖြည်းဖြည်းနဲ့သွင်းကုန်ပစ္စည်းတွေပြတ်လတ်မှုဖြစ်ပေါ်လာတယ်။ပို့ကုန်သမားတွေကိုလဲဝယ်လက်တွေဆီကငွေအပြည့်ရမှပို့ကုန်လိုင်စင်ထုတ်ပေးတယ်။နိုင်ငံတကာနဲ့ဖောက်သည်တွေပျက်ကုန်ပြီးပို့ကုန်တွေပါရပ်ဆိုင်းလာတယ်။ အခုနောက်ဆုံးနိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္မဏီဘဏ်အကောင့်တွေကဒေါ်လာတွေကိုပါအတင်းအကျပ်လဲလှယ်ခိုင်းလာတယ်။SKDစနစ်နဲ့ကားတွေထုတ်လုပ်နေတဲ့ဆူဇူကီးလိုလုပ်ငန်းကြီးတွေရပ်ကုန်တယ်။ဒီနေ့လဲပြည်တွင်းပြည်ပကုမ္မဏီတွေရဲ့နိုင်ငံခြားချေးငွေတွေကိုမဆပ်ပဲဆိုင်းငံထားဖို့အမိန့်တစ်ခုထုတ်ပြန်လိုက်တယ်။လက်ရှိအခြေအနေအရရှိသမျှလုပ်ငန်းတွေရပ်သွားဖို့ပဲရှိမယ်။စစ်ကောင်စီဟာသူတို့ဒေါ်လာရရှိရေးတစ်ခုကိုသာရှေးရှုပြီးတိုင်းပြည်ရဲ့စီးပွားရေးကိုပါစနစ်တကျဖျက်စီးနေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


