မန္တလေးမှာခိုးဆိုလုယက်မှုတွေတော်တော်အခြေအနေဆိုးနေပြီ။လုယက်တာတင်မကတော့ပဲလူသတ်ဓားမြတိုက်အနုကြမ်းစီးမှုတွေပါဖြစ်ပေါ်လာပြီ။လမ်းမကြီးတွေပေါ်မှာတင်ဆိုင်ကယ်ရိုက်လုပြီးလူပါသေအောင်သတ်သွားတယ်။ကိုယ်ပိုင်ကားစီးသူတွေလဲမလုံခြုံတော့ဘူး။ကားပေါ်ထိတက်ပြီးလုယက်၊ပါသမျှဖုန်း၊ငွေစတဲ့ပစ္စည်းတွေအကုန်ယူပြီးလက်စဖျောက်ပစ်ကြတယ်။အခုနောက်ပိုင်းရွှေဆိုင်တွေဘဏ်တွေပါဓားမြတိုက်ခံနေရပြီ။ကျူးလွန်သူတွေကိုလဲဘယ်တော့မှမမိကြဘူး။ပြည်သူတွေကဝိုင်းဖမ်းပေးရတဲ့ဖြစ်စဉ်တစ်ခုနှစ်ခုကလွဲရင်ပေါ့။ရဲတိုင်တော့အဲ့ဒီအမှုကစုံးစုံးမြုပ်ပြီပဲ။လုံခြုံရေးတာဝန်ယူထားတဲ့ရဲနဲ့စစ်သားပြည်သူကိုမကာကွယ်ပဲအကြမ်းဖက်နေတာလူတိုင်းအသိပဲလေ။ အခုဆိုရင်မန္တလေးမှာအပြင်ထွက်ရင်ခိုးဆိုးလုယက်မှုတွေလဲကြောက်ရတယ်။လမ်းဆုံတွေမှာကင်းတွေချပြီးစစ်ဆေးရေးအမည်ခံပြည်သူတွေကိုငွေညစ်နေတဲ့ရဲခွေး၊စစ်ခွေးတွေကိုလဲကြောက်ရတယ်။အိမ်မှာဆိုင်မှာနေမယ်ဆိုလဲအနုကြမ်းစီးဓားမြတိုက်ခံရမှာကြောက်ရတယ်။ဘယ်လိုမှမလုံခြုံတော့တဲ့ခေတ်တစ်ခုကိုဖြတ်သန်းနေရတယ်။