ဒီနေ့ဝါဆိုလပြည့်နေ့၊ဘုရားပေါ်မှာလူတွေအများကြီးပဲ။လူတွေတော်လှန်ရေးကိုသွေးအေးသွားပြီးအပျော်အပါးပဲမက်နေပြီလား။သို့လောသို့လောအတွေးတွေထွက်လာတယ်။တော်လှန်ရေးကာလတစ်နှစ်ခွဲကျော်ကြာလာတဲ့အချိန်မှာဘယ်သူမှစိတ်ထဲဒီအကြောင်းပဲတွေးမနေနိုင်တော့ဘူး။စိတ်ထွက်ပေါက်ကိုယ်စီရှာလာကြတယ်။ဒါကြောင့်စစ်ပွဲတွေမဖြစ်ပွားသေးတဲ့မြို့ကြီးတွေမှာပုံမှန်အခြေအနေပြန်ဖြစ်လာတယ်။
ပုံမှန်အခြေအနေဆိုပေမယ့်ငြိမ်းငြိမ်းချမ်းချမ်းတော့မဟုတ်ဘူး။ဒီနေ့ကိုပဲရန်ကုန်မှာပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားပြီးလူသေဆုံးမှုတွေပါရှိခဲ့တယ်။မနက်ပိုင်းတာမွေမှာUGအဖွဲ့တွေစစ်တပ်ကင်းချရာနေရာမှာထောင်ထားတဲ့ဗုံးကိုအမှိုက်ကောက်သမားကတွေ့ရှိသတင်းပေးလိုက်ပြီးလမ်းလယ်ခေါင်မှာပဲစစ်တပ်ကဖောက်ခွဲလိုက်လို့အနီးအနားကပြည်သူတွေအထိတ်တလန့်ဖြစ်ကုန်ကြတယ်။နေ့လည်ပိုင်းမှာတော့မြေနီကုန်းမှာစစ်တပ်ကလုပ်တယ်လို့ယူဆရတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်လို့အမျိုးသမီးပြည်သူဆယ်ဦးခန့်ဒဏ်ရာရရှိသွားပြီးနှစ်ဦးကတော့ဆေးရုံမှာသေဆုံးသွားတယ်။
ဒီလိုအခါကြီးရက်ကြီးမျိုးမှာစစ်ကောင်စီဟာလူစည်ကားရာနေရာတွေမှာဖောက်ခွဲမှုတွေပြုလုပ်ပြီးPDFတွေကိုအပစ်ပုံချလေ့ရှိတယ်။ဒါကိုလဲလူတွေကအမှတ်မရှိပဲပျော်ပါးသွားလာနေကြဆဲပဲ။