ပြည်တွင်းမှာSKDစနစ်နဲ့မော်တော်ကားတွေထုတ်လုပ်နေတဲ့ဆူဇူးကီးနဲ့ဟွန်ဒိုင်းအပါအဝင်ကားစက်ရုံအတော်များများထုတ်လုပ်မှုကိုရပ်တန့်လိုက်ပြီ။စစ်ကောင်စီရဲ့ဒေါ်လာကန့်သတ်ချက်ကြောင့်လိုအပ်တဲ့ပစ္စည်းတွေတင်သွင်းခွင့်မရတာကြောင့်လို့သိရတယ်။ဒါကြောင့်စက်ရုံထုတ်ကားဈေးတွေခုန်တက်ကုန်တယ်။ပြည်ပကကားတင်သွင်းခွင့်ကိုလဲပိတ်ထားတာကြောင့်ကားဈေးကွက်မှာသိန်းရာချီပြီးဈေးတွေတက်ကုန်ပြီ။အရင်တုန်းကလခစားဝန်ထမ်းတွေကားဝယ်စီးဖို့အိပ်မက်မက်နိုင်ပေမယ့်အခုဒီအခြေအနေနဲ့ကဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ကားဝယ်စီးနိုင်လဲလက်ရှိဆီဈေးနဲ့ကဘီးလိမ့်ဖို့တောင်အတော်စဉ်းစားရမယ်။လူလတ်တန်းစားအလွှာတွေကိုအဓိကထိခိုက်သွားတယ်။ပြည်ပကကားတင်သွင်းခွင့်ပြန်ပေးမှကားဈေးတွေပြန်ကျနိုင်မှာဖြစ်ပြီးထိုအချက်ကလဲလက်ရှိစစ်ကောင်စီမှာဒေါ်လာရှားပါးနေတဲ့အတွက်မဖြစ်နိုင်ဘူး။ဒီအတိုင်းဆိုရင်အရင်စစ်အစိုးရခေတ်တုန်းကလိုကားဈေးတွေထောင်ချီမြင့်တက်လာလိမ့်မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


