Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် တစ်နှစ်ကျော်အတွင်း ကလေးငယ် ၁၁၅ ဦး သေဆုံးဒဏ်ရာရ

July 15, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၂ ဧပြီလအထိ ၁၅ လအတွင်း မြေမြှုပ်မိုင်း အပါအဝင် စစ်ကျန် လက်နက်ပစ္စည်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၁၅ ဦးအထိ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ UNICEF Myanmar က ဇွန် ၂၄ ရက်မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။

UNICEF Myanmar ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက် ပစ္စည်းတွေ ပေါက်ကွဲလို့ သေဆုံးဒဏ်ရာရရှိသူ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကျော်ဟာ ကလေးငယ်တွေ ဖြစ်နေပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန်ရွာကနေ စစ်ကောင်စီတပ်တွေ ပြန်ထွက်ခွာသွားချိန်မှာ ကျန်ခဲ့တဲ့ လက်နက်ကြီးကျည်ကို ဇွန်လ ၁၉ ရက်မှာ ကောက်ယူဆော့ကစားခဲ့တဲ့ အသက် ခုနစ်နှစ်အရွယ် မောင်ပြည့်စုံအောင်နဲ့ မောင်မင်းထွဋ်ဇော်တို့နှစ်ဦး သေဆုံးခဲ့တယ်လို့ ကန်ရွာဒေသခံ မယုကိုက RFA ကို ပြောပြပါတယ်။

“၄၀ မမဗုံးသီးကို သူတို့ ကလေးလေးတွေက တစ်ယောက်နဲ့တစ်ယောက် ပစ်ပြီးတော့မှ မြှောက်ဆော့ပြီးတော့မှ ဆော့နေကြတာ။ မြှောက်ဆော့ပြီး နောက်ပိုင်းကျတော့ ဒီဟာကိုမှ ကျောက်ခဲနဲ့ ထုလိုက်တဲ့အချိန်မှာ ပေါက်ကွဲမှုကြောင့် ဒီကလေးလေး နှစ်ယောက်က သေသွားတာ။ ဖြစ်စဉ်တွေကတော့ ရှိတယ်။ အစ်မတို့ ကြားသိရ သလောက်ကို သုံး၊ လေးခု လောက်ကိုရှိတယ်။ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေက လက်ထဲရောက်မှ ပေါက်ကွဲသွားတဲ့ အနေအထားတွေပေါ့နော်”

ချင်းလူ့အခွင့်အရေးအဖွဲ့ မြေမြှုပ်မိုင်းရေးရာတာဝန်ခံ Salai Mang Hre Lian က စစ်အာဏာသိမ်းပြီး နောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေထောင်တဲ့ မြေမြှုပ်မိုင်းတွေက အရပ်သားတွေကို ပစ်မှတ်ထားသလိုမျိုး ဖြစ်နေတယ်လို့ ပြောပါတယ်။

“စစ်သားတွေက နင်းမိုင်းကို ထောင်ထားပြီးတော့ အဲဒီမှာ နင်းမိပြီးတော့ သေဆုံး ပြီးတော့ ဒဏ်ရာရတာမျိုး။ တမင်တကာ ပေါ့နော်၊ အရပ်သားတွေကို ပစ်မှတ်ထား ပြီးတော့ သေဆုံးမှုက တော်တော်လေးကို ဒဏ်ရာရမှုတွေက များတယ်။ ပထမ တစ်ချက်ပေါ့နော်။ ဒုတိယတစ်ချက် ကတော့ အဲဒီမှာ မကွဲသေးတဲ့ နင်းမိုင်းတွေကိုလည်း ကလေးတွေက ဆော့ကစားပြီးတော့ ဒီလို သေဆုံးမှုက ထန်တလန်မှာ ပြီးခဲ့တဲ့ သြဂုတ်လမှာ ကလေးလေးတွေ လေးယောက် သေပြီးတော့ သုံးယောက်လောက် ဒဏ်ရာရသွားတာပေါ့နော်”

ထန်တလန်၊ မတူပီနဲ့ မင်းတပ်မြို့နယ်တွေဟာ ချင်းပြည်နယ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်တွေကြောင့် ထိခိုက်မှုအများဆုံး ဒေသတွေဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုင်းတွေကို ကျေးရွာတွေနဲ့ လူနေခြံဝန်းတွေထဲအထိ ဝင်ထောင်တာလို့ ကရင်နီ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက ပြောပါတယ်။

“စစ်ကောင်စီကိုတော့ ကျနော်တို့ ဖိအားပေးဖို့ လိုတယ်။ သူတို့ရဲ့ သဘောသဘာဝအရ အရင်တုန်းကလိုမျိုး လှုပ်ရှားနိုင်တဲ့ အခွင့်မသာတဲ့အတွက် ရောက်တဲ့အရပ်မှာ မိုင်းခင်းတယ်။ တစ်ခုရှိတယ်နော်။ ပြည်သူလူထု နေထိုင်တဲ့ ရွာထဲမှာတင်မကဘူး အဆောက်အအုံထဲမှာပါ မိုင်းထောင်လေ့ရှိတယ်။ အဲဒီဟာကတော့ ရာဇဝတ်မှု မြောက်တယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုတွေကို ထိခိုက်တယ်၊ သေစေလိုတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့မို့ စစ်ရာဇဝတ်မှု မြောက်တယ်။ သူတို့ရဲ့ လုပ်ရပ်တစ်ခုအပေါ်မှာတော့ တစ်ချိန်ကျရင်တော့ သက်ဆိုင်တဲ့သူတွေကို အပြစ်ပေး အရေးယူမှုကိုတော့ ဆက်လုပ်ဖို့ ရှိပါမယ်”

ယခုနှစ်အတွင်း ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုတို့မှာ မိုင်းနင်းမိသူ အရပ်သား ၂၀ ဦး ရှိပြီး အဲဒီထဲက နှစ်ဦး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လွိုင်ကော် မြို့ပတ်ဝန်းကျင်နဲ့ နန်းမယ်ခုံရွာအနီးမှာ စစ်ကောင်စီ တပ်တွေက မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ချန်ထားခဲ့တဲ့ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ မေလအတွင်းကတော့ စစ်တပ်အနေနဲ့ မြေမြှုပ်မိုင်းတွေကို စစ်တပ်စခန်းချတဲ့ နေရာတွေမှာပဲ လုံခြုံရေးအတွက် စနစ်တကျ မှတ်ပုံတင်ပြီး အသုံးပြုတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောဆိုခဲ့ပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်း ကတော့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေ ပိုတိုးလာချိန်မှာ မိုင်းအသိပညာပေးမှုက အားနည်းသွားတဲ့အတွက် အခုလို အရပ်သား သေဆုံးမှုတွေ ရှိလာတာလို့ သုံးသပ်ပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းက Mine Education လည်း မရှိသလောက် ရပ်သွား တယ်လို့ ထင်တာပဲ။ နောက်တစ်ခုက လုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်း၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကြားဝင်နေတဲ့ အဖွဲ့အစည်းတွေလည်း နည်းသွားတယ်လို့ ယူဆတယ်ဗျ။ တစ်ဖက်မှာကျတော့ Conflict ပေါ့နော်။ ပဋိပက္ခက ပိုကြီးလာတယ်။ တစ်ဖက်က ပညာပေးရေးတို့၊ Demining တို့က မရှိတဲ့အခါ ခုနက Mine Accident ဖြစ်တဲ့ အရေအတွက်၊ နောက်တစ်ခုက ခံရတဲ့လူနာအရေအတွက်က များလာမယ်လို့ ထင်ပါတယ်”

မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှု လျော့ကျဖို့ဆိုရင် လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ ကို အရင်ဆုံးလျှော့ချဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။

UNICEF Myanmar ကတော့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက် ပစ္စည်းတွေကြောင့် ကလေးငယ်တွေ အသက် ဆုံးရှုံးတာ၊ ကိုယ်လက်အင်္ဂါပျက်စီးတာတွေ ဆက်ဖြစ်နေဦးမယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးက ထိခိုက်နစ်နာသူတွေအတွက် အကူအညီတွေ ပေးဖို့၊ မြေမြှုပ်မိုင်း အသုံးပြုမှုတွေ ရပ်တန့်ဖို့နဲ့ ရှိပြီးသား မြေမြှုပ်မိုင်းအပါအဝင် မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကို ရှင်းလင်းပေးဖို့ လည်း UNICEF က တိုက်တွန်းထားပါတယ်။

Source – RFA

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English