သရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာရှမ်းပြည်နယ်EAO အဖွဲ့တစ်ခုဖြစ်တဲ့SSA အဖွဲ့ရဲ့အခမ်းအနားတစ်ခုကိုထိုအဖွဲ့ယူနီဖောင်းနဲ့တက်ရောက်ခဲ့တယ်။နောက်တနေ့ရန်ကုန်ကိုအပြန်မှာပဲတရားမဝင်အဖွဲ့အစည်းနဲ့ဆက်သွယ်တယ်ဆိုပြီးစစ်တပ်ကသူမကိုဖမ်းဆီးသွားတယ်။SSAဟာတရားမဝင်အဖွဲ့အစည်းမဟုတ်ဘူး။မင်းအောင်လှိုင်ကိုယ်တိုင်တောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ထားသေးတယ်။အခုတော့ဘာမှမဆိုင်တဲ့ပွဲလာတက်တဲ့သရုပ်ဆောင်တယောက်ကိုဖမ်းဆီးသွားတယ်။ဒါစစ်တပ်ရဲ့သရုပ်မှန်ပဲ။သူတို့ပြောချင်တာပြောပြီးလုပ်ချင်တာလုပ်နေတော့သူတို့ကိုဘယ်သူကယုံမှာလဲ။ အနုပညာရှင်တွေဘဝကလဲဒီကာလမှာထောင်နုတ်ခမ်းလျောက်နေရတယ်။ထောင်ထဲမှာလဲသူတို့ဖမ်းထားတဲ့နာမည်ကြီးအနုပညာရှင်တွေအများကြီးကျန်သေးတယ်။ပိုပို၊ရဲတိုက်စတဲ့သူတွေအခုထိမလွတ်သေးဘူး။လွတ်လာတဲ့အနုပညာရှင်တွေလည်းစစ်အာဏာရှင်လက်အောက်မှာဘာမလုပ်မှဆက်မလုပ်ကြတော့ဘူး။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


