စစ်ကောင်စီဘက်ကငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင်ကြိုတင်သတ်မှတ်ချက်တွေထုတ်ပြောလိုက်တယ်။သူတို့အစိုးရကိုမဖျက်စီးဖို့၊၂၀၀၈အခြေခံဥပဒေအောက်ကသွားဖို့စသဖြင့်ပေါ့။တကယ်ကစစ်ကောင်စီဆိုတာဟာအစိုးရပ်တရပ်မဟုတ်ဘူး။အကြမ်းဖက်အာဏာလုယူထားတဲ့လက်နက်ကိုင်သူပုန်သာသာအဖွဲ့အစည်းသာဖြစ်တယ်။အစိုးရတရပ်ရဲ့တာဝန်နဲ့ဝတ္တရားတွေကိုလဲဘာတစ်ခုမှလုပ်ဆောင်နိုင်ခြင်းမရှိပဲတစ်နိုင်ငံလုံးမှာအကြမ်းဖက်လုပ်ရပ်တွေသာလုပ်ဆောင်လျက်ရှိတယ်။ဒါကိုသူတို့ကိုသူတို့အစိုးရအဖြစ်သတ်မှတ်ပြီးသူတို့ကိုမဖျက်စီးဖို့ပြောနေသေးတယ်။ဘယ်နိုင်ငံမှလဲသူတို့ကိုအသိအမှတ်ပြုတာမဟုတ်ဘူး။တကယ့်ဟာသပဲ။ ၂၀၀၈အခြေခံဥပဒေဆိုတာလဲအာဏာသိမ်းပြီးသူတို့ကိုယ်တိုင်ဖျက်စီးလိုက်ပြီလေ။အခုချိန်ထိမလိမ့်တပတ်နဲ့အဲ့ဒါကြီးကိုဖက်တွယ်ပြီးနိုင်ငံတကာကိုအရူးလုပ်နေတယ်။စစ်ကောင်စီပြောနေတဲ့ငြိမ်းချမ်းရေးနဲ့သူပြောတဲ့ကြိုတင်သတ်မှတ်ချက်တွေကိုNUGအပါအဝင်ဘယ်အတိုက်အခံအဖွဲ့အစည်းမှအရေးလုပ်မယ်မထင်ဘူး။ဒီတော်လှန်ရေးမှာအားလုံးရဲ့ဘုံရည်မှန်းချက်ကစစ်တပ်ကိုအမြစ်ဖြတ်ဖို့ပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


