စစ်ကောင်စီဘက်ကငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင်ကြိုတင်သတ်မှတ်ချက်တွေထုတ်ပြောလိုက်တယ်။သူတို့အစိုးရကိုမဖျက်စီးဖို့၊၂၀၀၈အခြေခံဥပဒေအောက်ကသွားဖို့စသဖြင့်ပေါ့။တကယ်ကစစ်ကောင်စီဆိုတာဟာအစိုးရပ်တရပ်မဟုတ်ဘူး။အကြမ်းဖက်အာဏာလုယူထားတဲ့လက်နက်ကိုင်သူပုန်သာသာအဖွဲ့အစည်းသာဖြစ်တယ်။အစိုးရတရပ်ရဲ့တာဝန်နဲ့ဝတ္တရားတွေကိုလဲဘာတစ်ခုမှလုပ်ဆောင်နိုင်ခြင်းမရှိပဲတစ်နိုင်ငံလုံးမှာအကြမ်းဖက်လုပ်ရပ်တွေသာလုပ်ဆောင်လျက်ရှိတယ်။ဒါကိုသူတို့ကိုသူတို့အစိုးရအဖြစ်သတ်မှတ်ပြီးသူတို့ကိုမဖျက်စီးဖို့ပြောနေသေးတယ်။ဘယ်နိုင်ငံမှလဲသူတို့ကိုအသိအမှတ်ပြုတာမဟုတ်ဘူး။တကယ့်ဟာသပဲ။ ၂၀၀၈အခြေခံဥပဒေဆိုတာလဲအာဏာသိမ်းပြီးသူတို့ကိုယ်တိုင်ဖျက်စီးလိုက်ပြီလေ။အခုချိန်ထိမလိမ့်တပတ်နဲ့အဲ့ဒါကြီးကိုဖက်တွယ်ပြီးနိုင်ငံတကာကိုအရူးလုပ်နေတယ်။စစ်ကောင်စီပြောနေတဲ့ငြိမ်းချမ်းရေးနဲ့သူပြောတဲ့ကြိုတင်သတ်မှတ်ချက်တွေကိုNUGအပါအဝင်ဘယ်အတိုက်အခံအဖွဲ့အစည်းမှအရေးလုပ်မယ်မထင်ဘူး။ဒီတော်လှန်ရေးမှာအားလုံးရဲ့ဘုံရည်မှန်းချက်ကစစ်တပ်ကိုအမြစ်ဖြတ်ဖို့ပဲ။
ဇွန် ၂၈၊ ၂၀၂၅။ (သောကြာ)
ကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုးဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ...