နေ့စဉ်နဲ့အမျှတိုက်ပွဲတွေဖြစ်နေတဲ့ကယားပြည်နယ်၊ဖယ်ခုံမြို့နယ်မှာစစ်ကောင်စီတပ်စခန်းတစ်ခုကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဝင်ရောက်တိုက်ခိုက်တယ်။စစ်ကောင်စီတပ်သားလေးဆယ်ကျော်သေဆုံးပြီးစခန်းကိုရခါနီးမှာစစ်တပ်ကလက်နက်ကြီးတွေနဲ့အဆမတန်ပစ်ခတ်လို့ပြန်ဆုတ်ရတယ်။အဆုတ်လမ်းမှာလက်နက်ကြီးမှန်ပြီးကာကွယ်ရေးအဖွဲ့တွေဖက်က၁၁ဦးခန့်ကျဆုံးသွားတယ်။သိမ်းဆည်းရမိတဲ့လက်နက်တွေကိုလဲပစ်ထားခဲ့ရတယ်။စစ်ကိုင်းတိုင်းဝက်လက်မြို့နယ်ကတိုက်ပွဲတွေမှာလဲလက်နက်အင်အားမမျှလို့PDFတွေဘက်ကိုးယောက်ခန့်ကျဆုံးသွားတယ်။ ဒီလထဲအပါအဝင်အခုနောက်ပိုင်းတိုက်ပွဲတွေမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကအကျအဆုံးတွေများလာပြီ။အဓိကကတော့လက်နက်အင်အားမမျှလို့ပဲ။PDFတွေဘက်မှာမောင်းပြန်သေနတ်တွေလောက်သာအမြင့်ဆုံးကိုင်နိုင်ချိန်မှာစစ်တပ်ကတော့လက်နက်ကြီးတွေရော၊လေကြောင်းပစ်ကူပါအဆမတန်သုံးနေတယ်။ပြီးတော့စစ်ခွေးတွေကတိုက်ပွဲတွေမှာPDFတွေအထာကိုတဖြည်းဖြည်းသိလာပြီ။လက်နက်အင်အား၊ကျည်အင်အားမရှိတာကိုသဘောပေါက်လာပြီ။လက်နက်အင်အားနဲ့ငွေအင်အားကိုအလုံအလောက်မရှာနိုင်ရင်တော့ရှေ့ဆက်ဖို့ကရင်လေးစရာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


