Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်တပ်က ထုံးဘိုလေးရွာသား ၃ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၆၁ လုံးကို မီးရှို့ဖျက်ဆီး၊

မုန်းမြို့တွင် စစ်တပ်၏ ထိုးစစ်ကြောင့် ရွာပေါင်း ၂၆ ရွာမှ ပြည်သူ ၄၀၀၀၀ ခန့် ထွက်ပြေးရ

July 11, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

မွန်ပြည်နယ် သထုံမြို့နယ် ထုံးဘိုလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၅ ရက်နေ့တွင် ဝင်ရောက် စီးနင်းပြီး ဒေသခံ ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNU-ကရင်အမျိုးသား အစည်းအရုံး ဗဟိုက တရားဝင် ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခဲ့သူ ၃ ဦးမှာ အသက် ၃၉ နှစ်အရွယ် ခြေထောက်တစ်ဖက်မရှိသူ မသန်စွမ်း စောဆာမူး၊ အသက် ၅၅ နှစ်အရွယ် စောမောင်လူပျိုနှင့် သက်တော် ၅၄ နှစ်ရှိ ဦးပဇင်း တီးထို့ပဝီး တို့ဖြစ် ရုပ်အလောင်းများကို လူနေအိမ် ၃ လုံး၏ ပြာပုံထဲ၌ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူပိုင် နေအိမ် ၆၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါ လူသတ် မီးရှို့မှုကို ကျူးလွန်သူများသည် တပ်မ (၄၄)နှင့် တပ်မ (၂၂) လက်အောက်ခံ တပ်များအပြင် (BGF)နှင့် အခြားသော တပ်ရင်းလက်အောက်ခံများလည်း ပါဝင်ကြောင်း KNU-ကရင်အမျိုးသား အစည်းအရုံး ဗဟိုက ဆိုသည်။

အလားတူ ပဲခူးတိုင်း မုန်းမြို့နယ်အတွင်း ဇူလိုင်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၅ ခုကို တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းယူပြီးနောက် အဆိုပါ စခန်း အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း KNU-ကရင်အမျိုးသား အစည်းအရုံး ဗဟိုက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် အဆိုပါ တပ်စခန်း ၅ ခုအနီးရှိ ကျေးရွာ ၂၆ ရွာမှ လူဦးရေ စုစုပေါင်း ၃၉၄၂၈ ဦး ထွက်ပြေး တိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၀ ရေအိုးစဉ် တပ်စခန်းမှ လက်နက်ကြီး ၉ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ကော့ပြင်းကျေးရွာနှင့် အနီးတစ်ဝိုက်သို့ ကျရောက်ခဲ့ကာ အကြမ်းဖက် စစ်တပ်၏ သစ်ချဆိပ်စခန်းမှ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် ကြောင်ပြာကျေးရွာနှင့်အခြား ပနာဝါးပလော ကျေးရွာ၊ နိုခိုထီးကျေးရွာ တို့ကို ထပ်မံကျရောက်ကြောင်း၊ ယင်းစခန်းကို ပြန်လည် ရယူရန်အတွက် လေကြောင်းစစ်ကူဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ကြောက်လန့်လျက်ရှိပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အောင်းလောင်းစိန်ရွာသား ၂ ဉီးဖြစ်သည့် စောစေးနေသာ အသက်(၂၀)နှင့် စောစလစ် အသက်(၄၅) တို့ကိုလည်း ဖမ်းဆီး ရိုက်နှက် ခဲ့​သေးကြောင်း သိရသည်။

စစ်တပ်သည် တပ်အင်အားတိုးချဲ့မှုများ၊ လေယာဉ်ဖြင့် လာရောက် ထောက်လှမ်းနေမှုနှင့် လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ပြည်သူများသည် လက်ရှိအချိန်တွင် ကျန်းမာရေးပြဿနာ၊ စားဝတ်နေရေး ပြဿနာ အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ထွက်ပြေးတိမ်း ရှောင်နေရသူအများစုမှာ အမျိုးသမီးများ၊ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း KNU-ကရင်အမျိုးသား အစည်းအရုံး ဗဟိုက ထုတ်ပြန်သည်။

Source – Khit Thit

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English