ကရင်ပြည်နယ်၊ထိုင်းနယ်စပ်ကစစ်ကောင်စီရဲ့ဥကရစ်ကခြေကုတ်စခန်းကိုသိမ်းမယ့်တိုက်ပွဲဟာငါးရက်မြောက်နေ့အဖြစ်ဆက်လက်ပြင်းထန်နေတယ်။အရင်သိမ်းခဲ့တဲ့စခန်းတွေလိုမဟုတ်ပဲစစ်တပ်ကလေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူလှိုင်သုံးခုခံနေလို့အခုလောက်ကြာနေတာဖြစ်တယ်။မနေ့ညကစခန်းသိမ်းလိုက်ပြီလို့သတင်းတွေထွက်လာပေမယ့်လက်နက်ကြီးကုန်းနဲ့အခြားဘန်ကာတွေကိုသာရလိုက်တာဖြစ်ပီးအပြီးသတ်သိမ်းနိုင်တာမဟုတ်သေးပဲနောက်ဆုံးကျန်နေတဲ့စနိုက်ပါကုန်းကနေဆက်လက်ခုခံနေတယ်။တိုက်ပွဲကြာလာတာနဲ့အမျှနှစ်ဖက်လုံးမှာအကျအဆုံးတွေရှိလာပြီးKNUပူးပေါင်းအဖွဲ့ဘက်ကလက်ရှိအချိန်ထိ၁၃ယောက်ခန့်ကျဆုံးသွားပြီ။စစ်တပ်ကနေ့ရောညပါလေယာဉ်တွေနဲ့ဗုံးကြဲနေလို့အခုလောက်ကျဆုံးမှုများလာတာပါ။လက်နက်ခဲယမ်းတွေလဲအတော်သုံးထားရတာမို့မနေ့ကတင်NUGကထိုင်းဘတ်ငွေတစ်သန်းခန့်လှူထားသေးတယ်။လက်ရှိအချိန်မှာလေးကေကော်ကနာမည်ကြီးကော်ဘရာစစ်ကြောင်းပါပူးပေါင်းပါဝင်တိုက်ခိုက်နေပြီးနောက်ဆုံးကျန်နေတဲ့စနိုက်ပါကုန်းကိုရရှိဖို့ကြိုးစားနေတယ်။
လက်ရှိတိုက်ပွဲဟာနွေဦးတော်လှန်ရေးကာလKNUနယ်မြေမှာအပြင်းထန်ဆုံးတိုက်ပွဲဖြစ်လာပြီးထိုစခန်းကုန်းဟာနှစ်ဖက်လုံးရဲ့ဂုဏ်သိက္ခာအတွက်အလွန်အရေးပါနေတယ်။