မနေ့ညကရန်ကုန်မြို့ရဲ့လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့လှည်းတန်းပျံကြဈေးကိုစစ်ကောင်စီတပ်သားတွေဝင်ရောက်ဖျက်စီးသွားတယ်။ည၈နာရီလောက်ဖောကားသုံးစီးနဲ့စစ်သူပုန်လေးဆယ်ခန့်ရောက်ချလာပြီးဈေးသည်တွေရဲ့ပစ္စည်းတွေကိုမြင်သမျှဖျက်စီးပြီးမီးရှို့ကြတယ်။ဈေးသည်တွေလဲဝရုန်းသုံးကားဖြစ်ပြီးထွက်ပြေးကြတာပေါ့။မပြေးနိုင်တဲ့ဈေးသည်တွေကိုတော့ထုထောင်းရိုက်နှက်ကြတယ်။မြေညီထပ်တွေကအိမ်ဆိုင်တွေရဲ့တံခါးတွေကိုပါအတင်ဖွင့်ဖို့ကြိုးစားကြတယ်။စစ်သူပုန်တွေဟာအကြောင်းပြချက်မရှိပဲဈေးကိုဖျက်စီးသွားတာပါ။ပြီးခဲ့တဲ့ရက်ကအဲ့ဒီဈေးထဲမှာလူငယ်တွေလျပ်တပြက်သပိတ်တစ်ခုလုပ်သွားပြီးထိုသပိတ်ကိုဈေးသူဈေးသားတွေကလက်သုံးချောင်းထောင်ထောက်ခံကြလို့စစ်တပ်ကအခုဝင်ရောက်ဖျက်စီးတာလို့လဲတချို့တွေကမှတ်ချက်ပေးကြတယ်။
ဥကရစ်ထမှာတော့စစ်ကူလာတဲ့စစ်တပ်ရဲ့အထူးကွန်မန်ဒိုစစ်ကြောင်းကိုKNDOကဖြတ်တိုက်လို့အနည်းဆုံးစစ်သူပုန်နှစ်ဆယ်ခန့်သေဆုံးပြီးလမ်းမှာတင်တပ်ပျက်ထွက်ပြေးကုန်ကြတယ်။လက်နက်ခဲယမ်းအမြောက်အမြားလဲရလိုက်တယ်။NUGနဲ့ပြည်သူတွေတော်လှန်ရေးအဖွဲ့တွေကိုလှူသလိုမျိုးစစ်တပ်ကလဲလက်နက်ခဲယမ်းတွေလာရောက်လှူတန်းသွားတာလားမပြောတတ်ဘူး။