တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးတဝိုက်ဒေသမှာစစ်သူပုန်တွေသောင်းကျန်းနေလို့ဒေသခံကာကွယ်ရေးအဖွဲ့တွေကတန်ပြန်တိုက်ခိုက်မှုတွေပြုလုပ်လာကြတယ်။ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ ကင်းငယ်စခန်းတစ်ခုအား လက်နက်ငယ်၊လက်နက်ကြီးများဖြင့် ဒေသတွင်းPDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးလက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်းသို့သွယ်တန်းထားသည့် ပင်မဓာတ်အားလိုင်းကို ဒေသတွင်း PDF အဖွဲ့များကဖောက်ခွဲ ဖြိုချခဲ့တယ်။
အခုကျမှတရုတ်ကုမ္မဏီကဒေသတွင်းအကျပ်အတည်းမှာမပါဝင်လိုကြောင်း၊တိုက်ခိုက်မှုတွေကစီမံကိန်းကိုထိခိုက်ကြောင်းအသံထွက်လာတယ်။စီမံကိန်းအနီးရှိကျေးရွာများကို စစ်ကောင်စီတပ်က လူသတ်ခြင်း၊ဖမ်းဆီးခြင်း၊ပစ္စည်းများလူယုဖျက်ဆီးခြင်း၊နေအိမ်များ မီးရှို့ခြင်း တို့ကိုတော့တလုံးမှထည့်မပြောထားဘူး။
အစောကတည်းကစီမံကိန်းကိုမလည်ပတ်ဖို့သတိပေးထားပေမယ့်စစ်တပ်လုံခြုံရေးယူပြီးလည်ပတ်တယ်။ထိုစီမံကိန်းထဲကစစ်တပ်ကပြည်သူတွေကိုဒုက္ခပေးနေလို့PDFအဖွဲ့တွေကစီမံကိန်းကိုတိုက်ခိုက်ခြင်းဖြစ်တယ်။တရုတ်စီမံကိန်းတွေဟာစစ်တပ်ကိုကူညီ၊စစ်ကောင်စီကိုထောက်ခံပြီးပြည်သူတွေကိုဒုက္ခပေးနေသမျှပစ်မှတ်ထားတိုက်ခိုက်ခံရမှာပဲ။