ရန်ကုန်ယုဇနဥယျာဉ်မြို့တော်ကတိုက်ခန်းတစ်ခုမှာပေါက်ကွဲမှုတစ်ခုဖြစ်ပွားတယ်။အဲ့ဒီမှာခိုလှုံနေတဲ့မြို့ပြပျောက်ကျားအဖွဲ့ဝင်ကလေးနှစ်ဦးမိုင်းစမ်းရင်းမတော်တဆပေါက်ကွဲခဲ့တာပါ။ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တစ်ယောက်ကတိုက်ခန်းပေါ်ကခုန်ချလို့သေဆုံးသွားတယ်။အပြင်ကိုဒဏ်ရာတွေနဲ့ထွက်ပြေးလာတဲ့တယောက်ကိုရပ်ကွက်ထဲကလူတွေဝိုင်းဖမ်းလို့စစ်ခွေးတွေလက်ထဲပါသွားခဲ့တယ်။မြို့ပြပျောက်ကျားလေးတွေကိုရပ်ကွက်နေပြည်သူတွေကဝိုင်းဖမ်းပေးတယ်ဆိုပြီးထိုရပ်ကွက်ကိုဝေဖန်မှုတွေမြင့်တက်နေတယ်။ဒီနေရာမှာဒလန်တွေရဲ့ပယောဂမကင်းလောက်ဘူး။ထွက်ပြေးလာတဲ့ကလေးကိုသူခိုးဂျပိုးလို့နှပ်ကြောင်းပေးပြီးအော်ဟစ်ဖမ်းခိုင်းလို့ရပ်ကွက်ကအခြေအနေမှန်ကိုမသိပဲဝိုင်းဖမ်းပေးတာဖြစ်လောက်တယ်။ဖမ်းမိသွားတဲ့ကလေးကတော့သနားစရာပဲ။ဒဏ်ရာတွေနဲ့သူ့ကိုသတ်လိုက်ကြပါတော့လို့ပြောသွားသေးတယ်။UGအဖွဲ့တွေကတော့ထိုရပ်ကွက်ကနှပ်ကြောင်းပေးခဲ့တဲ့ဒလန်တွေကိုလက်စားချေမယ်လို့ ပြောထားတယ်။
ကရင်ပြည်နယ်ထိုင်းနယ်စပ်ကစစ်ကောင်စီတပ်စခန်းတစ်ခုကိုKNUပူးပေါင်းတပ်ဖွဲ့တွေဇွန်၂၅ကတည်းက တိုက်ခိုက်နေလို့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတယ်။အရင်ကစစ်တပ်စခန်းတစ်ခုကိုသိမ်းဖို့တရက်လောက်သာကြာပြီးအခုစခန်းကတော့အသည်းအသန်ပြန်လည်ခုခံနေတယ်။KNUပူးပေါင်းအဖွဲ့တွေကတော့စခန်းကိုရအောင်သိမ်းမယ်လို့ပြောထားတယ်။