စစ်ကောင်စီဟာတရုတ်ကြေးနီစီမံကိန်းတွေရှိတဲ့လက်ပတောင်းတောင်ဝန်းကျင်ကကျေးရွာတွေကိုစစ်ကြောင်းထိုးမီးရှို့လျက်ရှိတယ်။ထိုနယ်မြေကပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကစီမံကိန်းကိုဆက်မလုပ်ဖို့ပြောထားပေမယ့်မလိုက်နာပဲတရုတ်ကုမ္မဏီကပြန်လည်ပတ်ဖို့ကြိုးစားနေတယ်။စစ်တပ်ကလဲစီမံကိန်းကိုအကာအကွယ်ပေးတဲ့အနေနဲ့အနီးအနားကကျေးရွာတွေကိုနယ်မြေရှင်းလင်းနေတယ်။ စစ်ကောင်စီတပ်ဟာဆားလင်းကြီးမြို့နယ်မိုးကြိုးပြင်(မြောက်)ကျေးရွာကို ဇွန်လ၂၁ရက်မှစ၍ ဝင်ရောက်စီးနင်းကာ ပြည်သူ၂ ဦးကိုဖမ်းဆီးပြီး လည်လှီးခြင်း၊ ဓါးဖြင်ဝမ်းဗိုက်အားထိုးခြင်း၊ ခြေလက်များကိုခုတ်ထစ်သတ်ဖြတ်ခဲ့တယ်။ မိုးကြိုးပြင်မြောက်ရွာကိုစစ်ကောင်စီတပ်က တစ်နေကုန်အကြမ်းဖက်ခဲ့ပြီးရွာလုံးကျွတ်မီးရှို့ခဲ့တယ်။ အကြမ်းဖက်စစ်ကောင်စီတပ်က ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာများကို ဖမ်းဆီးလူသတ်အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်သောကြောင့် ဝမ်ပေါင်ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာ ခြောက်ရွာမှဒေသခံပြည်သူသောင်းနှင့်ချီထွက်ပြေးတိမ်းရှောင်နေကြရတယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...