လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကမဟုတ်တဲ့ပုဒ်မတွေနဲ့မတရားအမှုတွေဆင်ပြီးအမိန့်တွေချမှတ်လျက်ရှိတယ်။အခုဆိုရင်နေအိမ်အကျယ်ချုပ်ကနေနေပြည်တော်အကျဉ်းထောင်ကိုပြောင်းရွှေ့လိုက်တယ်။မင်းအောင်လှိုင်ဟာဒေါ်အောင်ဆန်းစုကြည်အပေါ်အငြိုးတကြီးနဲ့ဒုက္ခပေးလျက်ရှိတယ်။သူ့ဆရာဗိုလ်သန်းရွှေတောင်သူမကိုထောင်ထဲမထည့်ရဲဘူး။သူမကိုထားတဲ့အဆောက်အအုံဟာ၁၅ပေပတ်လည်ခန့်သာကျယ်ပြီးသူမတယောက်ထဲနေထိုင်ရမှာဖြစ်တယ်။အရင်လိုဝေယျာဝစ္စကူညီပေးမယ့်သူလဲမရှိတော့ဘူး။တကယ့်ထောင်အတိုင်းသူမကိုထားမှာဖြစ်တယ်။မင်းအောင်လှိုင်ဟာသူမကိုမသေမချင်းအနုနည်းနဲ့ဒုက္ခပေးမယ့်ပုံပဲ။အာဆီယံကိုယ်စားလှယ်နဲ့နိုင်ငံတကာကသူမကိုပြန်လွတ်ပေးဖို့တောက်လျောက်တောင်းဆိုနေပေမယ့်စစ်အုပ်စုကိုဘာအရေးယူမှုမှမလုပ်တဲ့အတွက်စစ်အုပ်စုကလဲသူတို့ကိုဂရုစိုက်မနေဘူး။မတရားဖမ်းဆီးသတ်ဖြတ်မှုတွေကိုထင်တိုင်းကြဲလုပ်ဆောင်နေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


