ပီးခဲ့တဲ့လကသန်လျင်မှာဆိုင်ကယ်စီးခွင့်ပိတ်ပင်ပြီးနောက်အခုရန်ကုန်တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့တွံတေး၊ကော့မှုး၊ကွမ်းခြံကုန်းစတဲ့မြို့နယ်တွေမှာပါဆက်တိုက်ဆိုင်ကယ်စီးခွင့်ပိတ်လိုက်ပြီ။ထိုဒေသတွေမှာစစ်ကောင်စီဒေါက်တိုင်တွေဆိုင်ကယ်နဲ့တိုက်ခိုက်ခံနေရလို့ပိတ်ပင်လိုက်တာဖြစ်တယ်။သယ်ယူပို့ဆောင်ရေးအတွက်ဆိုင်ကယ်ကိုသာအဓိကအားပြုနေရတဲ့ဒေသခံတွေအတော်ဒုက္ခရောက်နေကြတယ်။အခုတော့ထိုမြို့နယ်တွေမှာစက်ဘီးလေးတွေကိုယ်စီနဲ့သွားလာနေကြရပြီ။စစ်အာဏာရှင်လက်အောက်မှာအရာအားလုံးဟာနှစ်နှစ်ဆယ်လောက်နောက်ပြန်ဆွဲနေတယ်။ရန်ကုန်ကလှိုင်သာယာ၊ရွှေပြည်သာမြို့နယ်တွေမှာလဲစစ်သားတွေကလမ်းပေါ်တက်သမျှဆိုင်ကယ်တွေကိုနေ့စဉ်ရက်ဆက်မတရားဖမ်းဆီးလျက်ရှိတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


