ရခိုင်မှာအေအေနဲ့စစ်တပ်တို့အပြိုင်အဆိုင်လူဖမ်းပွဲတွေကျင်းပနေကြတယ်။စစ်တပ်ကအရင်ထဲကရခိုင်မှာအစစ်အဆေးတွေတင်းကြပ်ထားတာပါ။အေအေနဲ့သက်ဆိုင်တယ်လို့ထင်တဲ့သူတွေကိုမထင်ရင်မထင်သလိုဖမ်းဆီးလေ့ရှိတယ်။ဒါကိုလက်တုန့်ပြန်တဲ့အနေနဲ့အေအေကလဲစစ်ကောင်စီဖက်တော်သားတွေကိုဆက်တိုက်ဖမ်းဆီးလာတယ်။မောင်တော၊ကျောက်တော်၊စစ်တွေ၊မြောက်ဦးစတဲ့မြို့တွေမှာရဲတွေ၊စစ်သားတွေ၊စရဖတွေ၊အုပ်ချုပ်ရေးမှုးတွေကိုဖမ်းဆီးသွားတာကြောင့်စစ်တပ်ကမဆိုင်တဲ့အရပ်သားတစ်ရာကျော်ကိုနေရာပေါင်းစုံမှာဖမ်းဆီးထားတယ်။
ရခိုင်မှာကစစ်ရေးတင်းမာနေတာကြာပြီ။ဒါပေမယ့်အခုချိန်ထိရင်ဆိုင်တိုက်ခိုက်မှုတွေမလုပ်ပဲလူဖမ်းပွဲတွေပဲလုပ်နေတော့ကြားထဲကပြည်သူတွေကျီးလန့်စာစားနေနေရတယ်။