ကမ္ဘာဘဏ်ကလာမယ့်နှစ်တွေအတွက်မြန်မာ့စီးပွားရေးအခြေအနေကိုမခန့်မှန်းနိုင်တော့ဘူးလို့ထုတ်ပြန်လိုက်တယ်။ပြီးခဲ့တဲ့နှစ်ကမြန်မာ့စီးပွားရေးဟာ၁၈ရာခိုင်နှုန်းကျုံဝင်သွားခဲ့ပြီးဒီနှစ်မှာလဲပြန်ကောင်းလာဖို့လမ်းမမြင်ဘူး။အာဆီယံနိုင်ငံတွေအားလုံးကိုဗစ်အလွန်မှာစီးပွားရေးအတက်ပြနေပေမယ့်မြန်မာနိုင်ငံကတော့အနုတ်ဂဏန်းအောက်ထိုးဆင်းလျက်ပဲ။ထိုင်းနယ်စပ်မှာဆိုတရားမဝင်ရွှေ့ပြောင်းမြန်မာနိုင်ငံသားအလုပ်သမားတွေထောင်ချီဖမ်းဆီးနေရလို့ထောင်တွေတောင်မဆန့်တော့ဘူး။ပြည်တွင်းမှာလူတန်းစားပေါင်းစုံဟာဘာမှလုပ်ကိုင်စားသောက်လို့မှမရတော့ပဲ။စစ်အာဏာသိမ်းပြီးတစ်နှစ်ကျော်အတွင်းမှာစီးပွားရေးဟာဗုံးဗုံးလဲပြိုဆင်းသွားပြီ။စစ်တပ်ကနိုင်ငံကိုအုပ်ချုပ်နေသ၍အဖတ်ဆယ်ဖို့ရလမ်းမမြင်ဘူး။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...