မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာစစ်တပ်ကCDMကျောင်းအုပ်၊သူနာပြုဆရာမ၊ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင်အရပ်သားပြည်သူငါးဦးကိုအရှင်လတ်လတ်မီးရှို့သတ်ဖြတ်သွားတယ်။သူတို့တွေဟာဘေးလွတ်ရာစစ်ဘေးရှောင်ရင်းစစ်သူပုန်စစ်ကြောင်းနဲ့တိုးပြီးသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်။တကယ်ဆိုသူတို့တွေဟာPDFပုံစံလဲပေါက်နေကြတာမဟုတ်ဘူး။အရပ်သားစစ်စစ်ဆိုတာသိသာနေတာပဲ။စစ်သူပုန်တွေဟာသူတို့အပြင်ရွာတွေကိုမီးတိုက်ရင်မပြေးနိုင်ပဲရွာထဲမှာကျန်ခဲ့တဲ့သက်ကြီးရွယ်အိုတွေပါမကျန်၊အိမ်မွေးတိရိစ္ဆာန်တွေပါမကျန်နေရာစုံမှာမီးရှို့သတ်ဖြတ်လေ့ရှိတယ်။
အခုဆိုရင်ဖျက်စီးခံလိုက်ရတဲ့ရွာတွေကအရွယ်ကောင်းလူငယ်တွေအကုန်PDFတွေဖြစ်ကုန်ပြီ။ဖက်ဆစ်စစ်တပ်ကိုနာကျည်းမှုတွေကအဆုံးစွန်ထိရောက်နေပြီ။စစ်တပ်အနေနဲ့ဒီလိုပြည်သူတွေကိုထိန်းနိုင်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။