Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီတပ်က ရေဦးမြို့နယ် မုံတိုင်ပင်ရွာတွင် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်သွားခဲ့သော အရပ်သား ၂၈ ဦး၏ အမည်များ

June 23, 2022
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

RFA သတင်းတွင်ပါရှိသော ရေဦးမြို့နယ် မုံတိုင်ပင်ရွာတွင် စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံရသူ အရပ်သားများ၏ အမည်စာရင်းကို မဇ္ဈိမက လက်ခံရရှိထားပါသည်။

ဒေသခံများပြောကြားချက်အရ မေလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်က မုံတိုင်ပင်ရွာသား စုစုပေါင်း၂၈ ဦးကို သတ်ဖြတ်ကာ အလောင်းများကို အိမ်နှင့်အတူမီးရှို့သွားခဲ့သည်ဟု သိရသည်။

” အလောင်းတွေကိုသတ်ပြီးတော့ အိမ်တွေထဲမှာ ဆွဲထဲ့ ပစ်ထဲ့ပြီးတော့မှ အိမ်တွေမီးရှို့ပြီးအလောင်းဖျောက်ထားခဲ့တယ်။ မီးရှို့တဲ့အိမ်မှာပစ်ထဲ့ထားခဲ့တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

” အရိုးစုတွေဓာတ်ပုံမှတ်တမ်းရတယ်။ အိမ်တွေထဲမှာ အစဖျောက်ထားလိမ့်မယ်လို့မထင်တော့ ရွာကနေ မီးရှို့ပြီးထွက်သွားတဲ့အချိန်မှာ ရွာထဲဝင်တဲ့အချိန် မီးလောင်ထားတဲ့အိမ်တွေထဲမှာ အလောင်းတွေတွေ့ရတာ။” ဟုလည်း ပြောပြချက်များတွင်ပါရှိသည်။

စစ်ကောင်စီတပ်စစ်သားတစ်ဦးက ကျကျန်ခဲ့သော တယ်လီဖုန်းကို အရာတော်မြို့နယ်မှ အရပ်သားတစ်ဦးက ကောက်ယူရရှိခဲ့ရာ တယ်လီဖုန်းပိုင်းရှင်စစ်သားအပါအဝင် စစ်သားသုံးဦးက ၎င်းတို့အနေဖြင့် အရပ်သားများကို လည်လှီးသတ်ဖြတ်မှုအပါအဝင် သတ်ဖြတ်မှုများအရေအတွက်ကို ဂုဏ်ယူစွာပြောကြားနေသော ဗီဒီယိုနှင့် သတ်ဖြတ်ခြင်းခံရသောအရပ်သားများ၏ ဓာတ်ပုံများစွာလည်းပါရှိသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသော အရပ်သား ၂၈ ဦး၏ အမည်များမှာ

(၁) ဦးအောင်သန်းဆွေ

(၂) ကိုဇော်လွင်

(၃) ကိုမြင့်ထွန်း

(၄) ကိုကျော်ပိုင်

(၅) ကိုမိုးခိုင်

(၆) ကိုသိန်းလင်း

(၇) ကိုထွန်းလင်းအောင်

(၈) ကိုအောင်ဆန်းဝင်း

(၉) ဦးသိန်းဟန်

(၁၀) ကိုဇော်မင်းအောင်

(၁၁) ကိုစိုးထွန်း

(၁၂) ကိုဇော်မိုးလွင်

(၁၃) ကိုငြိမ်းလှိုင်

(၁၄) ကိုအောင်ထူး

(၁၅) ကိုကျော်အေး

(၁၆) ကိုဖိုးဖြူ

(၁၇) ကိုညီညီမင်း

(၁၈) ကိုဇေလင်း

(၁၉) ကိုမျိုးသန့်

(၂၀) ဦးဝင်းမြင့်

(၂၁ ဦးစိန်နိုင်

(၂၂) ကိုသိန်းမြင့်ဆွေ

(၂၃) ကိုမင်းယုဝေ

(၂၄) ဦးကံဝင်း

(၂၅) ကိုစိုးစိုးထွန်း

(၂၆) ကိုဝင်းညွှန့်

(၂၇) ကိုကျော်မင်းအောင်

(၂၈) ကိုကျော်သူတို့ဖြစ်သည်။

ထို့အပြင် မုံတိုင်ပင်ရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးကြောင့်သေဆုံးသူ နှစ်ဦးနှင့် သီးခြားအသတ်ခံရသူတစ်ဦးရှိခဲ့သေးသည်ဟုလည်း ဒေသခံများကပြောသည်။

RFA က ထုတ်လွှင့်ခဲ့သော သတင်းဆောင်းပါးပါ စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်မှု

ဓာတ်ပုံ ၁၄၄ ပုံနှင့် ဗီဒီယိုမှတ်တမ်းတစ်ခုကို တယ်လီဖုန်းကောက်ရသော အရာတော်မြို့နယ် ဒေသခံက အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ RFA ရုံးချုပ်သို့ပေးပို့ရာ RFA က ယနေ့နံနက်တွင် သတင်းဆောင်းပါးထုတ်လွှင့်ခဲ့သည်။

ဆဲလ်ဖီရိုက်ကာ ပြောကြားနေသော ဗီဒီယိုထဲတွင် စစ်သားသုံးယောက်ရှိသည့်အနက် တပ်ကြပ်လက်မောင်းတံဆိပ်ပါ စစ်သားတစ်ယောက်က သူ့အနေဖြင့် လူ ၂၆ ယောက်ကိုသတ်ခဲ့ကြောင်းပြောရာ ဆယ်လ်ဖီရိုက်နေသော စစ်သားက သူ့အနေဖြင့် လည်လှီးသတ်ခဲ့ခြင်းအပါအဝင် ငါးယောက်သတ်ဖူးကြောင်းပြောသည်။

တပ်ကြပ်က ” သုံးပိုင်းလောက်ပိုင်းပြီးလို့ရှိရင် ဖြုတ်မရဘူး၊ ဒီနားလေးမှာ တပ်ရင်းမှူးက…”ဟုဆိုကာ လက်ညိုးထိုးညွှန်ပြနေပုံပါဝင်သည်။

” ငါဖမ်းတဲ့ကောင်ငါသတ်တာ၊ အဲဒါ ဆာဂျင်ကြီးတဲ့ သုံးပိုင်းလောက်ပိုင်းပြီး မြုပ်ခဲ့ပါဦးတဲ့” ဟု ဆက်ပြောချိန်တွင် ဆယ်လ်ဖီရိုက် စစ်သားက ” သတ်တော့ဘာဖြစ်လဲ၊ ဝက်သားဒုတ်ထိုးတွေဘာတွေရောင်းလို့မရဘူးလား” ဟု ပြန်မေးသည်ကိုတွေ့ရသည်။

” ခေါင်းကိုဖြတ်ရတာ လေးငါးခြောက်ချက်လောက်ခုတ်ရတယ်။ ပြီးလို့ရှိရင် ဒါဖြုတ်တယ်၊ ဒါဖြုတ်တယ်၊ အဲသလိုဖြုတ်ပြီးမြုပ်ရတာ” ဟု တပ်ကြပ်က နံဘေးရှိစစ်သား၏ လက်များခြေများကိုညွှန်းဆိုကာ ပြောသည်ကိုလည်း တွေ့ရသည်။

” နောက်စိပွင့်ထွက်သွားတယ်၊ ပုဆိုးတွေကို ဟိုဟာတွေခွာတာတောင် အသားတွေထွက်ကုန်တယ်။ ခြောက်ကပ် မီးလောင်ထားတာ” ဟုလည်း စစ်သားသုံးဦး၏စကားဝိုင်းတွင်ပါရှိသည်။ ထို့အပြင် အရက်သောက်ချင်လျှင် နေအိမ်များထဲမှာ အရက်လိုက်ရှာကြောင်း၊ ဝက်သားစားချင်ရင် ဝက်သတ်ကြောင်း၊ ကြက်သားစားချင်လျှင် ကြက်သတ်ကြောင်းပြောကာ ” မယုံရင်လာကြည့်လိုက် သတ်တဲ့နေရာမှာ expert ” ဟု ဆယ်လ်ဖီဆွဲသော စစ်သားက ပြောသည်။

ဘုန်းကြီးကျောင်းတစ်ခုဝင်းအတွင်း လူငယ်၊ လူကြီး အရပ်သား ၃၀ ခန့်ကို သုံးတန်းစုပြီး လက်ပြန်ကြိုးတုပ်ကာထိုင်ခိုင်းထားကာ လက်နက်ကိုင်စစ်သားများကစောင့်ကြပ်နေသောပုံနှင့် မျက်လုံးများကိုပုဆိုးစဖြင့်စည်းကာ လက်ပြန်ကြိုးတုပ်လျက် နောက်စေ့ကနေပစ်သတ်ထား၍ သွေးအိုင်ထဲတွင်လဲနေသောအရပ်ဝတ်နှင့်လူငါးဦး၏ဘေးတွင် ရုပ်သံဖိုင်ထဲမှ စစ်သားနှစ်ဦးရပ်ကြည့်နေသောပုံလည်းပါဝင်သည်ဟု RFA သတင်းအရသိရသည်။

ဓာတ်ပုံများပါ စစ်သားများ၏ လက်မောင်းတံဆိပ်များအရ စစ်ကိုင်းတိုင်းအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)၏ ဖြစ်သည်ကိုတွေ့ရသည်။ ထို့အပြင် သေနတ်တစ်ခုတွင်ပါရှိသော သင်္ကေတအရ ရန်ကုန်အခြေစိုက် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း (၇၀၈) ဖြစ်သည်ကိုတွေ့ရှိရသည်။

ခမရ (၇၀၈) သည် လတ်တလော စစ်ကိုင်းနှင့်မကွေးတွင်ပူးတွဲစစ်ဆင်ရေးလုပ်နေတာဖြစ်နိုင်သည်ဟု CDM လုပ်သော ဗိုလ်ကြီးလင်းထက်အောင်ကို ကိုးကား၍ RFA သတင်းတွင်ပါရှိသည်။

Source – Mizzima

Related Posts

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)
သတင်း

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)

December 4, 2023

အမျိုးသားညီညွတ်ရေးအစိုးရ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ဝေလူးကျေးရွာ၊ ရွာအလယ်ကို အကြမ်းဖက်စစ်တပ်က...

သတင်း

ရခိုင်တောင်ပိုင်းတွင် ၃ ရက်အတွင်း လူ ၅၀ ကျော် အဖမ်းခံရ

December 2, 2023

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီက သုံးရက်အတွင်း လူ ၅၀...

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို
သတင်း

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို

November 30, 2023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် အောက်တိုဘာလ ၁၉ ရက်နေ့...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist