စစ်ကောင်စီကလက်နက်ချဖို့ဖိတ်ခေါ်နေပေမယ့်တကယ်တန်းလက်နက်ချအလင်းဝင်နေတာသူတို့တပ်သားတွေပဲ။ရခိုင်မှာစစ်ကောင်စီတပ်သားရာနဲ့ချီပြီးထွက်ပြေးလာတယ်လို့ရခိုင်လက်နက်ကိုင်အဖွဲ့အေအေကသတင်းစာရှင်းလင်းပွဲမှာပြောသွားတယ်။လောလောဆယ်မှာစစ်တပ်ဒုခေါင်းဆောင်စိုးဝင်းရောက်နေပြီးရခိုင်ကိုစစ်မျက်နှာသစ်ဖွင့်ဖို့ပြင်ဆင်နေတယ်။သူရောက်လာရင်တော့သေချာသလောက်ပဲ။ကရင်နဲ့ကယားတုန်းကလဲသူသွားပြီးနောက်တိုက်ပွဲတွေပြင်းထန်လာတာပဲလေ။ဘယ်လိုပဲဖြစ်ဖြစ်ရခိုင်မှာစစ်မျက်နှာသစ်ထပ်ဖွင့်ရင်တော့စစ်တပ်အတွက်အရှုံးကြီးပဲ။ပိုပြီးစစ်ပန်းလာလိမ့်မယ်။
အခုတောင်ကရင်ပြည်နယ်မြဝတီမြို့အဝင်ကရဲစခန်းတစ်ခုတိုက်ခိုက်သိမ်းပိုက်ခံရတယ်။စခန်းမှုးကိုပါအရှင်မိတယ်။ကယားမှာလဲတပ်အချိန်းအပြောင်းလုပ်တဲ့စစ်ကြောင်းအတိုက်ခိုက်ခံရပြီးလက်နက်ခဲယမ်းများစွာရရှိလိုက်တယ်။စစ်တပ်ဟာကရင်နဲ့ကယားမှာလက်နက်တွေအလှူပေးနေတာတော်တော်များနေပြီ။