မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရတယ်လို့ မြန်မာနောင်း သတင်း မှာ ဖတ်လိုက်ရတယ်။ နှစ်ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရတယ်တဲ့။ စစ်ကောင် စီက ပြည်သူလူထုအပြင် သူတို့ဖမ်းဆီးထားတဲ့သူတွေကိုလည်း မသေရုံတမယ် နှိပ်စက်နေတယ်။ စစ်ကောင် စီမကျေနပ်တဲ့သူတွေ မှန်သမျှဟာ ပြည်သူအားလုံးဖြစ်နေတယ်။ ပြည်သူတွေကို အကြောင်းအမျိုးမျိုးနဲ့ ပြပြီး လိုက်လံဖမ်းဆီးနှိပ်စက်နေတယ်။ လမ်းသွားလမ်းလာတိုင်း အရမ်းဆင်ခြင်ရတယ်။ သူတို့ကို မျက် ခြည်မပြတ်သတိထားနေရပြီး အန္တရယ်ကို ရှောင်နေရတဲ့အဖြစ်တွေပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


