ပြည်သူ့ရဲတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးက ထုတ်ပြန်လိုက်တယ်။ NUG အနေနဲ့ကတော့ အခုလိုထုတ်ပြန်ချက်တွေ ထုတ်လိုက်၊ စစ် ကောင်စီဖက်ကို စိတ်ဓါတ်စစ်ဆင်ရေးတွေလုပ်လိုက်နဲ့ သူတာဝန်ကိုသူထမ်းဆောင်နေတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုမှာ ရဲတပ်ဖွဲ့ဝင် ခြောက်ထောင်ကျော်ပါဝင်ခဲ့တယ်လို့လည်းသိရတယ်။ အခုထုတ်ပြန်လိုက်တဲ့ ပြည်သူ့ရဲအဖွဲ့မှာတော့ သူတို့အနည်းနဲ့အများတော့ ပါဝင်ကြမှာပဲ။ တစ်ဖက်မှာတော့ ပြည်သူ တွေဖက်ကတော့ တော်တော်များများအားလျော့လာကြတယ်။ စားဝတ်နေရေးအတွက်လှုပ်ရှားရုန်းကန် နေကြရတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်ရမှာက Boycott လုပ်သင့်တာကိုလုပ်ပြီး ထောက်ပို့လုပ်သင့်တာ ကိုလုပ်ဖို့ပဲလို့မြင်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


