ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာအနီးမှာ စစ်ကောင်စီရဲ့တပ်ဖွဲ့ မိုင်းဆွဲခံရတယ်လို့ သတင်းတွေ တက် လာတယ်။ ဒီလိုသတင်းတွေဟာ ပြည်သူတွေအတွက် စိတ်တက်ကြွစေမယ့်သတင်းတွေဖြစ်လာတယ်။ တစ်ဖက်မှာ စစ်ကောင်စီက နေအိမ်တွေ ကျေးရွာတွေကို မီးလိုက်ရှို့နေတယ်။ သူတို့ရဲ့ယုတ်မာချက်က ကမ်းကုန်တာမို့ ရေးပြလို့မနိုင်လောက်အောင်ပါပဲ။ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ယုတ်မာမှုတွေက ရိုးအီးမသွား အောင်ပဲ။ နယ်ဒေသတွေမှာတစ်မျိုး၊ မြို့ပြမှာတစ်မျိုး အမျိုးမျိုးနဲ့ ပြည်သူတွေကို နှိပ်စက်နေလေရဲ့။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


