၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် တို့ အပါအဝင် သေဒဏ်စီရင်ချက်ချထားခံရသူတွေကို ကွပ်မျက်မယ်လို့ စစ်ကောင်စီက သတင်းလွှင့် တယ်။ စိတ်ဓါတ်စစ်ဆင်ရေးမှန်းအားလုံးက သိပေမယ့် သူတို့အတွက် စိုးရိမ်မိတာပေါ့။ လောကကြီးကတရားမျှ တမှုမရှိဘူး။ တစ်ချိန်လုံးမကောင်းတာချည်းလုပ်နေတဲ့ စစ်ကောင်စီဖက်ကို အခုချိန်အထိ မျက်နှာပေး လွန်းနေတာတော့ တော်တော်လေးဆိုးရွာတယ်။ ရခိုင့်တပ်တော် (အေအေ) နဲ့စစ်ကောင်စီနဲ့လည်း အခု ရက်ပိုင်း တင်းမာမှုတွေရှိနေတယ်လို့ သတင်းထွက်နေတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


