စစ်ကိုင်းတိုင်းတစ်ခွင်မှာ စစ်ကောင်စီက လူနေအိမ်တွေကို ရွာလုံးကျွတ်မီးရှို့နေတာတွေ မရပ်နိုင်သေး ဘူး။ ဆက်တိုက်လုပ်နေတယ်။ စစ်ကောင်စီနဲ့ PDF တွေလည်း တိုက်ပွဲတွေ တစ်မျိုးပြီးတစ်မျိုးဖြစ်နေ တာကို ဒီတိုင်းကြည့်နေရတဲ့ဘဝ။ ကိုယ်တွေဖက်က တတ်နိုင်သမျှကူပေးချင်တယ်။ ပြည်သူတွေမှာ စိတ်ဓါတ်ပဲရှိတယ်။ လက်နက်မရှိတော့ အင်အားချင်းက မယှဉ်နိုင်သလိုဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့နိုင်မှာဆိုတဲ့ ယုံကြည်ချက်နဲ့ရှင်သန်နေရတာပဲ။ ဝက်လက်မြို့၊ ကျောက်တိုင်ရွာမှာ အိမ်ခြေ (၉၇) လုံး မီးရှို့ဖျက်ဆီးခံရတဲ့သတင်းကလည်း စစ်ကောင်စီအပေါ် ရွံရှာမုန်းတီးနေတဲ့စိတ်တွေ ပိုပိုတိုးလာ ခဲ့တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


