ဆိုင်ကယ်စီးတဲ့သူတွေကို စစ်ကောင်စီက လိုက်ဖမ်းနေတာတွေ ဆက်တိုက်လုပ်နေတယ်။ ဒီလပိုင်းထဲမှာ လုပ်နေတာ။ ဆိုင်ကယ်တွေကိုဖမ်းပြီး ပိုက်ဆံတောင်းတာ။ ရဲစခန်းအထိ ဆိုင်ကယ်တွေကိုယူသွားပြီး ပိုက်ဆံနဲ့ လာရွေးခိုင်းတာတွေရှိတယ်။ ရန်ကုန်တိုင်းဒေသကြီးနေရာအနှံ့မှာပါပဲ။ မန္တလေးမှာဆိုရင်လည်း ဈေးချိုရှိဆိုင်ခန်းတွေကို ပြန်မဖွင့်ရင်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်တာမျိုးတွေရှိနေတယ်။ တိုင်းပြည်တည်ငြိမ်ပြီး သူတို့အုပ်ချုပ်နိုင်ပြီဆိုတာကို စစ်ကောင်စီကအရမ်းတွေပြချင်နေတယ်။ ဒါပေမဲ့ ပြည်သူတစ်ရပ်လုံးက ရသမျှနည်းနဲ့ ဆန့်ကျင်နေကြတာချည်းပါပဲ။
အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...


