ကော့မှူးမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၆၀ ကျော်ကို ရက်အကန့်အသတ်မရှိ ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တယ် လို့သိရတယ်။ စစ်ကောင်စီဟာ သူတို့ အတွက် အန္တရယ်ဖြစ်စေမယ့်အရာမှန်သမျှကို လိုက်လံတားဆီး ပိတ်ပင်နေတယ်။ ပြည်သူတွေ ဘယ်လိုဒုက္ခရောက်မယ်၊ ဘယ်လောက်အခက်အခဲရှိမယ်ဆိုတာကိုမ တွေးဘူး။ ပြည်သူတွေဖက်က ဘယ်တုန်းကမှလည်းမတွေးခဲ့ဘူး။ သူတို့အာဏာတည်မြဲဖို့အတွက်ဆို အရာအားလုံးကို လုပ်ရဲနေတယ်။ တော်တော်လေး ရွံစရာကောင်းလှတယ်။ အခုဆို ဆိုင်ကယ်စီးခွင့်ကို ပိတ်ပင်ထားတဲ့နေရာတော်တော်များများရှိတယ်။ ရန်ကုန်မြို့ရဲ့ မီးပွိုင့်တွေမှာ သူတို့လုံခြုံရေးအတွက် အုတ်တံတိုင်းကာ အိမ်ကလေးတွေဆောက်ထားလေရဲ့။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


