ရခိုင့်တပ်တော်(အေအေ) နဲ့ စစ်ကောင်စီတို့ရဲ့အခြေအနေတင်းမာမှုတွေ ဆက်တိုက်ကြားနေရပြန်တယ်။ ရခိုင်ပြည်နယ် ကျောက်တောင်၊ မင်းပြားတို့မှာ မကျေလည်မှုတွေဖြစ်နေတယ်။ စစ်ကောင်စီက စပြီးလုပ် တာပါပဲ။ မြန်မာနိုင်ငံအထက်ပိုင်းအညာဒေသတွေမှာလည်း ရွာတွေကို မီးရှို့တာတွေဆက်တိုက်လုပ်နေ ကြတယ်။ ဒါကြောင့် PDF တွေက ဝင်တိုက်ပေးနေကြရတယ်။ လက်နက်အင်အားမျှဖို့သာလိုတယ်။ ဒီ စစ်ခွေးတွေကို အမြစ်ဖြတ်ချင်နေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


