ထောင်တွင်းနှိပ်စက်မှုတွေ ဆက်တိုက်ကြားနေရတယ်။ ဒီနေ့လည်း ဘားအံထောင်သတင်းတစ်ပုဒ်ကို ဖတ်မိလိုက်တယ်။ ဘားအံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို မီးအမှောင်ချပြီး လေးခွမှာ ကုန်း သီးတွေ တပ်ဆင်ပြီးပစ်ခတ်ခဲ့တယ်။ လူ ၄၀ ခန့်သာ ဆန့်တဲ့အဆောင်ကို ၈၀ ထည့်ပြီး ထောင်ပုံစံ အိပ်စက်စေတယ်လို့သိရတယ်။ အထဲက အကျဉ်းသားတွေကို ဝါးချွန်တွေနဲ့ထိုး၊ ဝါးတုတ်တွေ နဲ့ ရိုက်တာ တွေလုပ်တယ်လို့သိရတယ်။ ကြားရတာ ခံပြင်းလိုက်တာ။ ဒေါသထွက်လိုက်တာ။
အောက်တိုဘာ ၂၄၊ ၂၀၂၅။ (ကြာသပတေး)
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌဒေါ်သက်သက်ခိုင်ကိုရွေးကောက်ပွဲဝင်ပြိုင်ခွင့်စစ်ကော်မရှင်ကပိတ်ပင်လိုက်ပါတယ်။သူမဘဏ်တွေချေးယူထားတဲ့ဘီလီယံနဲ့ချီတဲ့ငွေတွေပြန်မဆပ်နိုင်သေးတဲ့အကြောင်းပြချက်နဲ့ပိတ်ပင်လိုက်တာပါ။ ဒေါ်သက်သက်ခိုင်ဟာအရင်ကNLD ပါတီကနေရွေးကောက်ပွဲဝင်ပြီးအနိုင်ရဖူးတယ်။ဒါပေမယ့်NLDပါတီကိုခြေစုံကန်ပြီးပြည်သူရှေ့ဆောင်ပါတီကိုတည်ထောင်ခဲ့တယ်။ပြီးခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲမှာဝင်ပြိုင်ခဲ့ပေမယ့်တစ်နေရာမှအနိုင်မရခဲ့ပါဘူး။အာဏာသိမ်းဖို့စစ်တပ်ကိုဆော်သြကြတဲ့ပါတီတွေထဲမှာဒေါ်သက်သက်ခိုင်ရဲ့ပါတီလဲပါတယ်။အာဏာသိမ်းပြီးနောက်တော့လဲစစ်ကောင်စီအစိုးရအဖွဲ့ထဲမှာအရေးမပါတဲ့ဝန်ကြီးတစ်နေရာရလိုက်သေးတယ်။အခုတော့စစ်တပ်ကအလိုမရှိတော့လို့မခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ကန်ထုတ်လိုက်ပါပြီ။ရွေးကောက်ပွဲတောင်ဝင်ပြိုင်ခွင့်မပေးတော့ဘူးဆိုတော့အရိုးတောင်ကိုက်ခွင့်မပေးတော့တဲ့သဘောပဲ။ပြည်သူကိုသစ္စာဖောက်ခဲ့တဲ့သူအတွက်ဘယ်သူမှဝမ်းနည်းမနေပါဘူး။


