ရန်ကုန်မြို့လည်ကောင်က ဘားလမ်းမှတ်တိုင်မှဗုံးပေါက်ကွဲလို့ ကားစောင့်နေတဲ့လူတွေထဲကတစ်ဦးသေဆုံးပြီး ဆယ်ဦးခန့်ဒဏ်ရာရရှိသွားတယ်။ အပြစ်မဲ့ပြည်သူတွေကိုစတေးပြီး PDF တွေကိုအပြစ်ဖို့မယ့် စစ်ကောင်စီရဲ့အကြံဆိုးပဲ။ ဒီလိုမျိုးလူစည်ကားရာမြို့လည်ကောင်မှာဘာမှမဆိုင်တဲ့ပြည်သူတွေကိုထိခိုက်အောင်လုပ်တာကတော့အတော်မိုက်ရိုင်းလွန်းတယ်။ အရင်စစ်အစိုးရခေတ်တုန်းကစျေးဝယ်စင်တာတွေမှာ ဗုံးထောင်သလိုမျိုးပေါ့။ အဲ့တုန်းကလည်းမဆိုင်တဲ့သူတွေကိုထိုးချထောင်ချခဲ့တယ်။ ပြည်သူကိုထိခိုက်အောင်လုပ်တဲ့အမှုမှန်သမျှစစ်တပ်ကလုပ်တယ်ဆိုတာဒီချိန်မှာလူတိုင်းသိကုန်ကြပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


