မနေ့ကရန်ကုန်မှာဗုံးပေါက်သလိုပဲ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ပညာရေးမှုးရုံးမှာအစည်းအဝေးလုပ်နေတုန်းပေါက်ကွဲမှုဖြစ်လို့ ဆရာမတစ်ဦးသေးဆုံးသွားတယ်။ အစည်းအဝေးလုပ်နေတဲ့ကျောင်းဝန်းတစ်ခုလုံးစစ်တပ်က လုံခြုံရေးယူထားတဲ့ကြားကဖြစ်သွားတာဆိုတော့ဘယ်သူ့လက်ချက်ဆိုတာအသိသာကြီးပဲ။ ဒီရက်ပိုင်းစစ်ကောင်စီကကျောင်းတွေပြန်ဖွင့်တော့မှာမို့ PDF တွေနှောင့်ယှက်နေတယ်လို့အများကထင်အောင်သတင်းတွေလျောက်ဖြန့်နေတယ်။ တချို့PDF အား ကောင်းတဲ့မြို့တွေမှာဆိုစစ်တပ်ကကျောင်းတွေမှာတပ်စွဲထားပြီးမီးရှို့နေတယ်။ ပြီးရင် PDF တွေလုပ်တာပါဆိုပြီးသတင်းထုတ်ပြန်တယ်။ တကယ့်ကိုအရှက်မရှိတဲ့ဗြောင်လိမ်ဗြောင်စားတွေပဲ။
အောက်တိုဘာ ၂၈၊ ၂၀၂၄။ (တနင်္လာ)
တော်လှန်ရေးဟာအရှိန်အဟုန်ရလာတယ်ဆိုပေမယ့်လဲဘယ်အချိန်ပြီးမလဲဆိုတာတော့မပြောတတ်သေးပါဘူး။ထိုအရှိန်အဟုန်ကိုတားဆီးနေတဲ့အဓိကအချက်၂ချက်ရှိပါတယ်။ ပထမအရာကတော့တရုတ်ပါ။သိကြတဲ့အတိုင်းတရုတ်ဟာစစ်ကောင်စီဘက်ရပ်တည်လိုက်ပြီးတော်လှန်ရေးကိုဖျက်လိုဖျက်စီးလုပ်နေပါပြီ။မြောက်ပိုင်းအဖွဲ့တွေနဲ့KIAကိုစစ်ကောင်စီကိုဆက်မတိုက်ဖို့အတင်းဖိအားပေးနေတယ်။နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုပါပိတ်ပစ်နေပြီးစစ်ကောင်စီနဲ့ပေါင်းကာတော်လှန်ရေးထိန်းချုပ်နယ်မြေတွေကိုဖြတ်လေးဖြတ်လုပ်နေပါတယ်။တရုတ်ရဲ့ဖိအားတွေကြောင့်MNDAAဆိုထိုးစစ်တွေအားလုံးရပ်တန့်လိုက်ရပြီးတရုတ်အကြိုက်ကြေညာချက်တွေထုတ်ပြန်နေရတယ်။TLNAလဲရှေ့ဆက်သွားဖို့အခက်အခဲတွေရှိလာတယ်။ရခိုင်ကAAတစ်ဖွဲ့သာတရုတ်နဲ့နယ်မြေမထိစပ်နေတာကြောင့်ဖိအားကိုရှောင်လွဲပြီးစစ်ကောင်စီကိုအရှိန်အဟုန်မပြတ်တိုက်ခိုက်နေနိုင်တာပါ။ အကယ်၍တရုတ်သာဝင်မရှုပ်ခဲ့ဘူးဆိုရင်မြောက်ပိုင်းအဖွဲ့တွေဟာဒီအချိန်မှာပြင်ဦးလွင်ကိုသိမ်းပြီးလောက်ပြီ။ဆက်လက်ပြီးမန္တလေးကိုတိုက်ခိုက်ဖို့ပြင်ဆင်နေလောက်ပြီ။စစ်ရေးအရှိန်သာလျော့မကျသွားခဲ့ရင်ဒီနှစ်ကုန်နောက်နှစ်ဆန်းလာက်မှာစစ်ကောင်စီကိုဖြုတ်ချနိုင်မှာပါ။အခုတော့နောက်လှိုင်းတစ်ခုကိုစောင့်ရဦးမှာပေါ့။