ဘွန်းက အခုဆိုရင်အသံပျောက်နေပြီ။မင်းအောင်လှိုင်အိမ်ရောင်းတာက ဒေါ်လာ ၆ သန်း ပြည့်ပြီလို့ကြေညာပြီးနောက်ဘယ်လောက်ထိဆက်ရောင်းနေရလဲ ၅ ရက်ကျော်တဲ့အထိထပ်မသိရသေးဘူး။ဒီကြားထဲ C2D ကဝင်ငွေကျလာတယ်။
တော်လှန်ရေးရဲ့ တကယ့်စိုးရိမ်ရေမှတ်ကငွေကြေးဟာလည်း အဓိကအချက်ထဲမှာတချက်အနေနဲ့ ပါလိမ့်မယ်။ငွေကုန်ကြေးကျတအားများတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ငွေကြေးလိုအပ်ချက်တွေအရနည်းလာတာ ပြသာနာကြီးတယ်။ဘွန်းရောင်းချမူနဲ့ EOD ရောင်းချမူပုံစံတွေပြန်လည်သုံးသပ်ဖို့လိုမယ်။
NUG MOPFI စီမံဘဏ္ဍာဟာ ပရောဂျက်တခုစရင်တော့အသံတွေကျယ်ပြီး တက်တက်ကြွကြွရှိပေမယ့်နောက်ပိုင်းအချိန်တွေမှာ လူထုကို သတင်းနဲ့တက်တက်ကြွကြွ လှုံ့ဆော်မူအားနည်းတယ်။ဒီနောက်ပိုင်းမှာ ဘွန်းနဲ့ပတ်သက်ပီးတက်ကြွတဲ့ လှုံ့ဆော်မူတွေမတွေ့မြင်ရတာလည်း ကြာနေပါပြီ။
ဝန်ကြီးတွေအနေနဲ့ပရောဂျက်တခုလုပ်ရင် ပရောဂျက်အစပိုင်းမှာတက်ကြွသလို နောက်ပိုင်းလည်း တက်တက်ကြွကြွနဲ့ ပြည်သူတွေကိုလှုံ့ဆော်ပေးဖို့လိုနေပြီ။