နိုင်ငံခြားကတင်သွင်းရတဲ့စက်သုံးဆီတွေကိုခွဲတမ်းနဲ့ရောင်းချတော့မယ်လို့စစ်ကောင်စီကကြေငြာလိုက်ပြီ။သူတို့ဘယ်လိုပဲဆီလုံလုံလောက်ရှိတယ်ပြောပါစေအခုတော့ဝန်ခံလိုက်ရပြီ။ဆီဆိုင်တွေမှာလဲကားတွေပြန်တန်းစီနေရပြီ။ဆိုင်ကြီးတွေလောက်ပဲဆီခွဲတမ်းရပြီးလက်လီရောင်းတဲ့ဆိုင်တော်တော်များများပိတ်လိုက်ကြတယ်။ဆိုင်ကြီးတွေမှာတောင်ဓာတ်ဆီလိုသလောက်မရတော့ဘူး။နယ်မြို့တွေမှာအခြေအနေပိုဆိုးတယ်။စစ်ကောင်စီဟာဒေါ်လာကိုလိုသလောက်ထုတ်မပေးတဲ့အတွက်ဆိပ်ကမ်းမှာဆီတွေရှိပေမယ့်ထုတ်မရဖြစ်နေတာပါ။ဒီပုံစံအတိုင်းရှေရှည်ဆက်သွားမယ်ဆိုရင်ဆီဈေးဟာလဲအတက်ပဲရှိမယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...