စစ်သူပုန်တွေကျေးရွာတွေမီးရှို့တာမှာ PDF တွေကို ထောက်ပံ့ခြင်း ၊ PDF မိသားစုဝင်များ နေထိုင်ခြင်းစတဲ့ အချက်တွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး ။ဒါဖြင့် ဘာလို့ ရှို့လည်းဆိုရင် စစ်ဘေးရှောင်တွေ များလာစေရန် ရည်ရွယ်ပြီး ရှို့တာပါ ။ကြုံတဲ့နေရာ ကြုံသလိုရှို့ပါတယ် ။
ရည်ရွယ်ချက်က ရှင်းပါတယ် ။ စစ်ဘေးရှောင်တွေ များလာဖို့ပါ ။ လတ်တလော စစ်ကိုင်းတိုင်းထဲက
စစ်ဘေးရှောင်တွေကို ဘယ်သူတွေ တာဝန်ယူထားလည်းဆို PDF တွေကပဲ တာဝန်ယူထားလိမ့်မယ် ။
အရင်လို မြို့ပြဆီက ပရဟိတ သမားတွေလည်း မလှုပ်ရဲတော့ဘူး ။ တိုးတိုးတိတ်တိတ် နဲ့ နည်းနည်းပါးပါးပဲ လုပ်နိုင်တယ် ။ပြဿနာက အဲ့ဒါပဲ ။ ပုံမှန် ပရဟိတသမားတွေက မလှုပ်ရဲတော့ ကွင်းဆက်ပြတ်သွားတယ် ။ အဲ့မှာပဲ နီးစပ်ရာ PDF တွေဟာ စစ်ဘေးရှောင် ထောင်ချီ သောင်းချီကို ကူညီနေရလိမ့်မယ် ။ဘယ်နှစ်လ တောင့်ခံနိုင်မှာလဲ ။ မကြာခင် မိုးတွင်းရောက်တော့မယ် ။ တိုက်ခိုက်ရေးအတွက် ဘတ်ဂျက်တွေကိုစစ်ဘေးရှောင်ကိစ္စတွေမှာ မဖြစ်မနေ သုံးနေရပြီ ။မျက်စိရှေ့မှာ ဒုက္ခရောက်နေပြီလေ ပြစ်ထားလို့မရဘူး ။ မပြစ်ထားရက်ကြဘူး ။စစ်ဘေးရှောင်ဦးရေ များလာလေ PDF ဆီ စီးဆင်းမယ့် ငွေကြေးဟာစစ်ဘေးရှောင်တွေဆီ စီးဆင်းသွားလေပဲ ။
တကယ်ကစစ်ဘေးရှောင်လို့တောင်ခေါ်လို့မရပါဘူး။ဒုက္ခတွေလည်းများလှတယ်။နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် ပြေးရတာ မဟုတ်ပဲ မီးတင်ရှို့လို့ ပြေးနေရတာ ။ဆုံးရှုံးနစ်နာတာတွေ အများကြီးပဲ ။