တော်လှန်ရေးအဖွဲ့တွေအတွက်ရန်ပုံငွေရှာပေးနေတဲ့Applicationတွေရဲ့ငွေရနှုန်းဟာပြီးခဲ့တဲ့လကစပြီးထိုးကျနေတယ်။အရင်တရက်ကိုသိန်းနှစ်ရာကျော်ရနေရာမှအခုဆိုသိန်းတစ်ရာဝန်းကျင်သာရရှိတော့တယ်။ထိုapplicationတွေဟာအရင်ကအမြင့်ဆုံးတရက်ကိုသိန်း၅၅၀အထိရဖူးခဲ့တာပါ။အခုတော့အသုံးပြုငွေရှာပေးသူတွေအတော်နည်းကုန်ပြီ။တနိုင်ငံလုံးမှာလူဦးရေနှစ်သောင်းကျော်သာသုံးတော့တယ်လို့သိရတယ်။Applicationတွေတစ်ခုမကအများကြီးရှိနေပြီးအကုန်လုံးထိုးကျနေတာပါ။လူတွေကနိုင်သာနိုင်ချင်ကြတယ်၊ဘာအားစိုက်ထုတ်မှုမှမလုပ်ချင်ကြဘူး။တဖြေးဖြေးနဲ့သွေးအေးလာကြပြီ။ရန်ပုံငွေအလုံအလောက်မရရင်တကယ်တိုက်နေတဲ့သူတွေအတွက်အများကြီးခက်ခဲလာလိမ့်မယ်။
ဒီဇင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီဇင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂနွေ) ရန်ကုန်မှာပေါ်တာဆွဲမှုတွေဟာ...