စပါးစိုက်ပျိုးဖို့ အဓိကအရေးပါသည့် ဒီဇယ်နှင့် ဓာတ်မြေသြဇာဈေးနှုန်းများ အလွန်အမင်း မြင့်တက်နေမှုကြောင့် ဧရာဝတီတိုင်းမှ လယ်သမားတွေ မိုးစပါးစိုက်ပျိုးနိုင်ခြင်းတော့ဘူး။
လယ်သမားများစပါးစိုက်ပျိုးရာမှာ လယ်ယာသုံးစက်ပစ္စည်းများ မောင်းနှင်ရန် ဒီဇယ်ကို အဓိက အသုံးပြုပြီး စပါးအထွက်တိုးရန် ယူရီးယား၊ တီစူပါအစရှိသည့် ဓာတ်မြေသြဇာများ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများ အဓိက အသုံးပြုရတယ်။အခုတော့ ဒီဇယ်ဆီ ၁ ဂါလံ ၁ သောင်းကျော်နေပြီး ဓာတ်မြေသြဇာမှာလည်း တအိတ်လျှင်၁သိန်းကျော်အထိဈေးနှုန်းများအလွန်အမင်းမြင့်တက်နေသဖြင့်အရေအတွက်သောင်းနှင့်ချီသောဆင်းရဲသည့်လယ်သမားများမှာ မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိတော့ဘူး။
ဆင်းရဲတဲ့ လယ်သမားက စပါးစိုက်မယ်ဆို ကိုယ်ပိုင်စက်မရှိတော့ သူများစက် ငှားထွန်ရတယ်။ စက်ငှားခအပြင် ဒီဇယ်ဈေးက အဆမတန်မြင့်နေတော့ စရိတ်တွေက အရင်ထက် ပိုကုန်တယ်။ တခါ ကြဲခင်းပဲ စိုက်စိုက်၊ ကောက်စိုက်သမနဲ့ပဲ စိုက်စိုက် စိုက်ပြီးရင် မြေဆီ (ဓာတ်မြေသြဇာ) က မထည့်လို့ မရပြန်ဘူး။ မြေဆီ တစ်အိတ်ကို ၁ သိန်းနီးပါးဖြစ်နေတယ်။ အဲတော့ စိုက်လို့ကုန်မယ့်စရိတ်နဲ့ စပါးထွက်လို့ ပြန်ရောင်းပြီး ရမယ့်ငွေက ဘယ်လိုမှ မကိုက်တော့ဘူး အဲတော့ ဆင်းရဲတဲ့လယ်သမားက ဒီနှစ်မိုးစပါးမှာ မစိုက်တော့ဘူး ဆိုပြီး ဖြစ်ကုန်ပြီ။ ဧရာဝတီတိုင်းမှာ ဆင်းရဲတဲ့လယ်သမားက ၃ ပုံ ၁ ပုံလောက်ရှိတယ်။ ခန့်မှန်းခြေအရ ဒီနှစ်မိုးစပါးမှာ လယ်သမားအရေအတွက် သောင်းနဲ့ချီပြီး စပါးမစိုက်နိုင်တဲ့အခြေအနေရှိတယ်။
စပါးအဓိကစိုက်တဲ့စစ်ကိုင်းတိုင်းမှာလဲတတိုင်းလုံးနီးပါးတိုက်ပွဲတွေဖြစ်နေတာကြောင့်စိုက်ဧကအများကြီးလျော့ကျနိုင်တယ်။ဒီပုံတိုင်းဆိုနောက်နှစ်မှာအဓိကစားကုန်ဖြစ်တဲ့ဆန်တွေပါရှားပါးလာလိမ့်မယ်။