ရန်ကုန်တောင်ပိုင်းသန်လျင်မြို့နယ်မှာဆိုင်ကယ်လုံးဝမစီးရအမိန့်စစ်ကောင်စီကထုတ်လိုက်တယ်။သန်လျင်၊သုံးခွ၊ခရမ်းမြို့တွေမှာစစ်ကောင်စီဒေါက်တိုင်တွေခပ်စိတ်စိတ်တိုက်ခိုက်ခံရပြီးနောက်ကြောက်လန့်ပြီး ဒီအမိန့်ထွက်လာတာပဲ။
သန်လျင်ဆိုတာရန်ကုန်တိုင်းရဲ့နယ်မြို့လေးတစ်ခုပဲ။ဆိုင်ကယ်လဲတရားဝင်စီးခွင့်ရှိတယ်။ဒီလိုမတရားအမိန့်တွေထုတ်နေတော့မြို့ခံတွေဒုက္ခရောက်ကုန်တယ်။သီလဝါအထူးစီးပွားရေးဇုန်ကဝန်ထမ်းတွေဆိုဆိုင်ကယ်ကိုပဲအားပြုရတာ။အခုကလိုင်စင်ရှိရှိမရှိလမ်းပေါ်တက်သမျှဆိုင်ကယ်တွေအကုန်ဖမ်းနေတော့ဒီရက်ပိုင်းကိုယ့်ဆိုင်ကယ်ကိုခိုးကြောင်ခိုးဝှက်စီးနေကြရတယ်။စစ်ကောင်စီဟာပြည်သူကိုအမျိုးမျိုးဒုက္ခပေးလျက်ပဲ။