လဆန်းပိုင်းကစစ်ကားရာချီစစ်ကိုင်းတိုင်းဘက်ချီတက်သွားပြီးနောက်စစ်ကောင်စီဟာစစ်ကိုင်းတိုင်းတတိုင်းလုံးကိုမြေလှန်ဖျက်စီးနေပါပြီ။အင်အားတစ်ရာကျော်ခန့်ရှိတဲ့စစ်ကြောင်းတွေဖွဲ့ပြီးရွာတိုင်းနီးပါးကိုမီးရှို့လုယက်ဖျက်စီးလျက်ရှိတယ်။ဒီတစ်ခေါက်စစ်ကိုင်းတိုင်းစစ်ဆင်ရေးဟာPDFတွေကိုနှိမ်နင်းဖို့ချည်းမဟုတ်ပဲPDFထောက်ခံတဲ့ရွာတွေကိုဖျက်စီးဖို့အဓိကဖြစ်နေတယ်။ရွာတွေဖျက်စီးခံရရင်PDFတွေလဲပျောက်ကွယ်သွားမယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့။
အခုဆိုရင်တစ်ရက်ကိုမြို့နယ်တိုင်းမှာကျေးရွာတွေဆယ်နဲ့ချီပြီးနေ့စဉ်မီးရှို့ခံနေရတယ်။တိုက်ပွဲမဖြစ်တဲ့ဒေသတွေ၊စစ်တပ်ထောက်ခံတဲ့ရွာတွေပါမချန်ပဲမဲမဲမြင်ရာအကုန်ဖျက်စီးနေတယ်။တချို့ရွာတွေဆိုရွာထဲမှာပိတ်မိနေတဲ့သက်ကြီးရွယ်အိုတွေနဲ့အိမ်မွေးတရိစ္ဆာန်တွေပါအရှင်လတ်လတ်မီးလောင်သေဆုံးကုန်တယ်။ဖက်ဆစ်စစ်တပ်ရဲ့လုပ်ရပ်တွေဟာဖော်ပြစရာစကားလုံးတောင်ရှာမတွေ့တော့ဘူး။